အကို ( 1 )

1.9K 102 2
                                    

Unicode
~~~~~~~

" Hey..Bro တို့ ဒီနေ့ Bar သွားရအောင်.. "

ရုံးခန်းထဲကိုဝင်ဝင်လာချင်း ပထမဦးဆုံးပြောထွက်လာတဲ့ XiaoZhan စကားကြောင့် အလုပ်လုပ်နေသော သူငယ်ချင်းတစ်သိုက်မှာ ခေါင်းထောင်လာသည်...

" XiaoZhan ငါတောင်းဆိုပါတယ် မင်းအနားယူပါဦးလား.."

XiaoZhan သူငယ်ချင်းဖြစ်သူ Liu Haikuan မွာ XiaoZhan တောင်းဆိုသောအကြည့်များနှင့်ကြည့်ကာပြောလာသည်..

" ဒီနေ့ ငါအားတယ်နော်.."

Yubin မွာ သူငယ်ချင်းဖြစ်သူကိုတားရမဲ့အစား သူပါလိုက်ပြီး XiaoZhan ဘက်ကတင်လိုက်ပြောနေသည်..

" မင်းတော်လိုက်တော့ Yubin.. XiaoZhan မင်းရောပဲ မင်းအိမ်မပြန်ဖြစ်တာ ဘယ်လောက်ကြာနေပြီးလည်းရောသိရဲ့လား.."

Haikuan စကားကြောင့် Yubin နဲ့ XiaoZhan တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပုခုံတွန့်ပြသည် ပြောချင်တာက သူတို့မသိဘူးဆိုတဲ့သဘော..

" ငါမဆဲချင်းသေးဘူးနော် XiaoZhan မင်းလက်ထပ်ပြီးထဲက အိမ္မျပန္တာ တစ်ပတ်လောက်ရှိနေပြီး အားနေရင် Bar သွားလိုက် မိန်းမတွေနဲ့အိပ်လိုက်ပဲလုပ်နေတယ် မင်းဒါတွေကိုရပ်သင့်ပြီးXiaoZhan.."

ရှိသော သူငယ်ချင်းသုံးယောက်ထဲမှာ Haikuan က အသက်နဲ့လိုက်အောင်လူကြီးလူကောင်းပီသစွာပြောလာသည် သူလည်း XiaoZhan တို့လို့မျိုးပါပဲ အားရင် Bar သွားလိုက် မိန်းကလေးတွေကိုအမဲလိုက်လိုက်နဲ့ ဒါပေမဲ့ သူမှာတော့ လူအသိစိတ်ကတော့ကျန်နှစ်ယောက်ထပ်ပိုရှိသည်...

" Haikuan ငါမိန်းမလိုမျိုးအနောက်ကပွစိပွစိလိုက်လုပ်မနေနဲ့ နားညီးတယ် အိမ်ကမိန်းမတစ်ယောက်ထဲနဲ့တင် စိတ်ရှုပ်လို့သေတော့မယ်.."

တစ်ဖက်လူကိုလေးစားမှုမပေးသော XiaoZhan စကားကြောင့် Haikuan ဒေါသထွက်လာသည် ငယ်ငယ်ထဲကအတူတူပေါင်းခဲ့ပြီးတစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်းသိပေမဲ့ အခုချိန်မှာ XiaoZhan ဘာတွေတွေးနေလဲ သူမသိနိုင်တော့ဘူး..

" XiaoZhan သေနာကောင် ငါမင်းမိန်းမကိုတောင် သနားလာပြီး မင်္ဂလာပွဲနေ့ကမင်းပြောလိုက်တဲ့ ကတိကြောင့် ငါသူကိုပိုသနားမိတယ်.."

အကိုWhere stories live. Discover now