အပိုင္း ( 13 )

1.1K 80 3
                                    

Unicode
~~~~~~~

10:45

မနက်မိုးလင်းထဲကနေ Yibo အခန်းထဲကမထွက်လာသေးတာမို့ Haikuan Yibo အခန်းရှိရာကိုလာကာ တံခါးခေါက်လိုက်သည် ပုံမှန်ဆိုရင် ဒီအိမ်ကြီးက လူမေနဘူး Haikuan အပန်းဖြေဖို့အတွက်တာဝယ်ထားတာဖြစ်ပြီး ဒီအိမ်မှာလာနေမှ အိမ်သန့်ရှင်းရေးလုပ်တတ်သည် ဒါပေမဲ့ အခုဒီအိမ်မှာ 24 နာရီနေတော့မယ် သူတစ်ယောက်ပိုလာပြီး ဒါကြောင့် Haikuan အိမ်ပေါ်တစ်ယောက်ကို ငှါးထားလိုက်သည်..

Haikuan တံခါးထက်ခေါက်ကြည့်တော့ မကြာဘူး ဆံပင်ရှုပ်ပွပြီး အခုမှအိပ်ရာထသည့်ပုံဖြင့် Yibo တံခါးလာဖွင့်တာကြောင့် Haikuan ပြုံးလိုက်လေသည်...

" Haikuan Ge.."

" နိုးပြီးလား.."

" ဟုတ်.. "

" ကိုယ်ဒီမနက်အလုပ်သွားစရာရှိလို့ ညနေလောက်မှပြန်လာဖြစ်မယ် အဲ့ဒါကြောင့် Yibo ကို လာအသိပေးတာ မနက္စာကေတာ့ အိမ်ပေါ်အဒေါ်ကြီးပြင်ထပေးတယ် လာထွက်စားလိုက်နော်.."

Haikuan စကားအရှည်ကြီးပြောလိုက်ပေမဲ့ Yibo ပုံစံက အိပ်ချင်းနေသေးတဲ့ပုံပေါက်တာမို့ Haikuan ပြုံးလိုက်ကာ ခေါင်းလေးကို ပွပွပုတ်ပေးပြီး..

" Yibo အိပ်ချင်းသေးတာလား ဒါဆို မနက်စာစားပြီးရင် ဆက်အိပ်လေ.."

Yibo ဆက်အိပ်ချင်းသေးပေမဲ့ ခုတင်ဘေးမှာရှိတဲ့ နာရီကို တစ်ချက်ကြည့်လိုက်တော့ 11 နာရီထိုးတော့မည်..

" ကျွန်တော် မအိပ်တော့ပါဘူး..ဒီနေ့ ဆေးရုံရက်ချိန်ရှိတယ်.."

" ဘယ်နှစ်နာရီလဲ.."

" 11 နာရီ ကျွန်တော် နောက်ကျတော့မယ်ထင်တယ်.."

Yibo အပြောကြောင့် Haikuan လက်ကနာရီကိုကြည့်လိုက်တော့ မကြာခင် 11 နာရီထိုးတော့မည်..

" Yibo အဝတ်အစားလဲပြီး မနက်စာလာထွက်စားလိုက် ကိုယ်လိုက်ပို့ပေးမယ်.."

" Ge အလုပ်ရှိတယ် မဟုတ္လား.."

" အလုပ္က အချိန်ရွေ့လို့ရတယ် ကိစ္စမရှိပါဘူး..."

" အားနာစရာကြီး.."

" ရပါတယ် Yibo အဝတ်အစားသွားလဲလိုက် ကိိုယ်အောက်မှာစောင့်နေမယ်.."

အကိုWhere stories live. Discover now