ကွာရှင်းမယ်ဆို ကျေးဇူးပြုပြီးတန်းစီပေးပါ
ဇူလိုင်လရဲ့ နေရောင်ခြည်က တောက်ပနေသည်။
Z မြို့ကမ်းရိုးတန်း လိဟွာဧရိယာမှာ ရှိတဲ့ ပရုတ်ပင်တွေက ပုစဉ်းရင်ကွဲတို့ရဲ့ အသံများ ပိုမိုကျယ်လောင်လာခဲ့သည်။
ပင်လယ်တံတိုင်းအဆုံးမှာ ပင်းဟိုင် လမ်းအဆုံးရှိပြီး မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ စုံတွဲအချို့သည် မင်္ဂလာဓာတ်ပုံရိုက်နေကြသည်။
ပင်လယ်လေက ဓါတ်ပုံဆရာရဲ့ အသံကို နေရာအနှံ့ပျံ့သွားစေသည်။ နူးညံ့သော အဝါရောင် အရာတစ်ခုကို တစ်ချက် လှမ်းမြင်လိုက်သောအခါ ဓာတ်ပုံရိုက်နေတဲ့ ဇနီးမောင်နှံကို တစ်စုံတစ်ခု သတိပေးရန် သူ့အသံကို မြှင့်တော့မလို့ပဲ။ ခေါင်းကို လှည့်ကြည့်လိုက်ပြီးနောက် မသိစိတ်ကနေ သူ့အသံကို မျိုချလိုက်သည်။
အဝါဖျော့ဖျော့ဝတ်စုံကို ၀တ်ဆင်ထားပြီး လမ်းဘေးသစ်ပင်ရိပ်အောက်ရှိ ဧည့်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။
သူမသည် ခေါင်းကို အနည်းငယ်ငဲ့ကာ ငိုက်နေပုံရသည်။သူမရဲ့ နူးညံ့သိမ်မွေ့ပြီး လှပသောမျက်နှာပေါ်မှာ မိတ်ကပ်ပါးပါးသာ လိမ်းခြယ်ထားသည်။
ရှည်လျားဖြောင့်စင်းသော အနက်ရောင်ဆံပင်များက သူမ ပခုံးပေါ်နဲ့ ဖြူဖွေးနူးညံ့တဲ့ လက်မောင်းပေါ်မှာ နူးညံ့ပျော့ပျောင်းစွာ ပြန့်ကျဲနေပြီး ပေါ့ပေါ့ပါးပါး ပိတ်ထားသော မျက်တောင်များသည် ထူပြီး ရှည်လျားသည်။
ပင်လယ်ကမ်းစပ်မှ တိုက်ခတ်လာကာ နွေးထွေးသောလေက သူမရဲ့ အဝါရောင်ဖျော့ဖျော့စကတ်ကို မြှောက်လိုက်ကာ ကျောက်စိမ်းနှင့်တူသော ခြေကျင်းဝတ်များကို ပေါ်လွင်လာစေသည်။
သူမက နေရောင်အောက်မှာ အေးအေးဆေးဆေး အနားယူနေတယ်။ လေထဲမှာ ယိမ်းနွဲ့နေတဲ့ ပရုတ်ပင်ကတောင် သူမကို အနှောက်အယှက် မပေးဘဲ ဖြည်းညှင်းစွာပဲ ရွေ့လျားနေတယ်။
အထီးကျန်မနေချင်တော့တဲ့ လေညှင်းက သူ့လည်ပင်းမှာ ဆွဲထားတဲ့ အရောင်တူ ဇာလည်ဆွဲကို ညင်သာစွာ တိုက်ခတ်ပေးနေတယ်။ ထုံးထားသောကြိုးက သူမရဲ့ လှပတဲ့ညှပ်ရိုးကို ပွတ်တိုက်နေပြီး အေးအေးဆေးဆေး အိပ်ပျော်နေတဲ့ အလှလေးကို အနှောက်အယှက်ပေးနေသည်။
![](https://img.wattpad.com/cover/339111755-288-k82895.jpg)
JE LEEST
I Can't Act Anymore (ဘာသာပြန်)
OverigI don't own this novel. Fully Credit to Original Author.