3.2

461 93 3
                                    

မုမု သည် ချင်းယွိချန်ရဲ့စွမ်းဆောင်နိုင်မှုအပေါ် အတည်ကြီး စိုးရိမ်နေခဲ့သည်။

သူ သက်ပြင်းချလိုက်တယ်။ ချင်းယွိချန် ရဲ့ ပျက်စီးသွားတဲ့ ကံကြမ္မာနဲ့ ယှဉ်ရင် သူ့ကဘာမှမဖြစ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။

သူ့လက်ထဲက ရင်သားအတုကို ချလိုက်ပြီး စကတ်ကို ချွတ်လိုက်တယ်။ ထို့နောက် သူ့ပေါင်တစ်ဖက်တွင် အမာရွတ်ဟောင်းတစ်ခုကို တွေ့လိုက်ရသည်။

Ehhhhhhhhhh?

ဒီခန္ဓာကိုယ်မှာ ဘာလို့ ဒီလိုအမာရွတ်ရှိနေတာလဲ။

မုမု အံ့သြသွားသည်။

အရင် မုမုသည် သူ့မိန်းမဆန်တဲ့ပုံစံကြောင့် စနောက်ဖို့ သူ့သူငယ်ချင်းများ ဝိုင်းရံလာလေ့ရှိသည်။ မုမုကလည်း တစ်ချိန်က ပြေးလွှားဆော့ကစားခြင်းကို နှစ်သက်ခဲ့ဖူးသော အမိုက်စားမျောက်တစ်ကောင်ဖြစ်သည်။

ထိုအချိန်တွင် ခြံဝင်းထဲမှာ  မျဉ်းပြိုင် အကာအကွယ်များ ရှိသော်လည်း ကောင်းစွာ မလုပ်ဆောင်နိုင်ခဲ့ဘူး။ မုမု ခြေထောက်တွင် အမာရွတ်သည် ကစားနေစဉ် ဘားပေါ်ကနေ ပြုတ်ကျလာသောအခါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီအမာရွတ်ဟာ သူနဲ့ အတူရှိနေခဲ့တာ နှစ် 20 နီးပါးရှိပါပြီ။ အဝတ်အစားလဲပြီး ရေချိုးတဲ့အခါ တိုင်းမြင် နေရတယ်။

မုမုသည် သူ့ခြေထောက်ပေါ်ရှိ အမာရွတ်ကို ထိလိုက်သည်နှင့် ဤအမာရွတ်သည် သူ့ကိုယ်နှင့် အတိအကျတူသည်ဟု ခံစားလိုက်ရသည်။

မုမုက မျက်မှောင်ကြုတ်ပြီး သူ့ပေါင်က အမာရွတ်တွေကို ဖုံးတဲ့ ကမ်းခြေဘောင်းဘီကို ဝတ်လိုက်တယ်။

ထူးဆန်းတယ်!!!

ဒီမုမုလည်း ငယ်ငယ်က ဘားတန်းပေါ်ကနေ ပြုတ်ကျလို့ ဒဏ်ရာရတာ ဖြစ်နိုင်မလား?

မုမု မခန့်မှန်းနိုင်ဘူး။

သူသည် ရေချိုးခန်း၏ ဗီရိုထဲက ဆံပင်စည်းသေတ္တာကို တစ်ချက်ကြည့်လိုက်သည်။ သူ့ဆံပင်ကို အရင်နဲ့မတူဘဲ ချည်ထားသည်။ ရင်ဘတ်အတုကို ကောက်ကိုင်လိုက်ပြီး အချိန်အကြာကြီး တုံ့ဆိုင်းသွားကာ နောက်တစ်ကြိမ် ထပ်ထည့်လိုက်သည်။ သူ့အမူအရာသည် ကြီးမားသော ပြစ်ဒဏ်ကို ခံစားခဲ့ရသလို နာကျင်ခြင်းများနှင့် ပြည့်နေသည်။

I Can't Act Anymore (ဘာသာပြန်)Where stories live. Discover now