ကံကောင်းချက်ပဲ!?
မုမု သည် မရေမတွက်နိုင်သော အဖြစ်အပျက်များကို တွေးခဲ့ဖူးသော်လည်း သူ့ကွာရှင်းမှုအတွက် အကြီးမားဆုံး အတားအဆီးမှာ အရပ်ဘက်ရေးရာဗျူရိုမှ ဖြစ်လာမည်ဟု တစ်ခါမျှ မထင်ထားမိခဲ့ပေ။
ဒီလိုကောင်းတာကို ကြုံပြီးရင် ဘယ်သူက မငိုဘဲ နေနိုင်မှာလဲ။
မထင်မှတ်ဘဲနှင့် သတ်မှတ်မထားသော အတားအဆီးများ တိုးများလာသည်။
မုမုက ပြတင်းပေါက်ရှေ့မှာရပ်ရင်း ခဏအကြာတွင် သူက
“ခြွင်းချက်တစ်ခု လုပ်ပေးနိုင်မလား”
ဟု တိုးတိုးလေးပြောသည်။
“ဒါ…”
ပြတင်းပေါက်မှ အမျိုးသမီးငယ်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းယမ်းသည်။ ထို့နောက် သူမက အသံကို လျှော့လိုက်ပြီး
“စည်းကမ်းက ဒီလိုပါ။ ငါမကူညီနိုင်ဘူး။"
မုမုက တစ်ခုခုပြောတော့မဲ့အချိန်မှာ
ချင်းယွိချန် က လက်ဆွဲပြီး စားပွဲပေါ်ကို ခေါက်လိုက်သည်။
မုမု ပါးစပ်ကို ချက်ချင်းပဲပိတ်လိုက်သည်။
ချင်းယွိချန် က မုမု ကို အပေါ်ကနေ အောက်ကို ကြည့်လိုက်တယ်။
ဒီလူလိမ်လေးက သူ့မျက်နှာမှာ စိုးရိမ်မှုတွေနဲ့ အကူအညီမဲ့မှုတွေ ရှိနေသေးတယ်။ သူ [MM] ခေါင်းကို အနည်းငယ် ငုံ့ထားပြီး သူ့ကိုလည်း မကြည့်ဘူး။
သူမကြည့်ရဲတာ ဖြစ်ရမယ်။
ချင်းယွိချန် ပေါ့ပေါ့ပါးပါး တွေးလိုက်မိသည်။
အမှန်အတိုင်းပြောရရင် မုမုက တကယ်ကို ရုပ်ချောတယ်။
ပထမတစ်ချက်က လူတွေရဲ့ နှလုံးသားထဲကို စိမ့်ဝင်သွားတဲ့ ရွှင်မြူးမှု နဲ့ အသက်ဝင်မှုမျိုးတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူပြုံးတဲ့အခါ လူတွေက သူ့ကိုပါပြုံးစေတဲ့ ချိုမြိန်မှုမျိုးပေါ့။
ယခုမူ ချင်းယွိချန် သည် ၎င်းကို သဘောကျရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
![](https://img.wattpad.com/cover/339111755-288-k82895.jpg)
VOCÊ ESTÁ LENDO
I Can't Act Anymore (ဘာသာပြန်)
DiversosI don't own this novel. Fully Credit to Original Author.