211+212+213+214+215

565 33 0
                                    

အပိုင်း(၂၁၁)

ယွမ်ရှောင်… ရှင်လာမယ်ဆိုတာ ကျွန်မ သိနေခဲ့တယ်(၂)

“သခင်လေး… ဒီမိန်းကလေးက အရမ်းကို ခေါင်းမာလွန်းတယ်။ သူမကို သခင်လေး ဘယ်လိုပဲ ပြောပြော အသုံးဝင်မှာ မဟုတ်ဘူး”
ဖြူဖျော့နေသော မျက်နှာ အမူအရာဖြင့် သွေးထွက်နေသည့် လက်မောင်းကို တစ်ချိန်လုံး ထိကိုင်နေတယ်။ ယွမ်လော့ဖုန်းကို မုန်းသည့် အမုန်း အာဃာတက ပိုပြီးတော့ နက်ရှိုင်းလာရတယ်။
ပိုင်စုက အဘိုးကို တစ်ချက်မျှ မကြည့်ပေ။ လေပြည်လေညင်းနှင့် အတူတူ ပျံ့လွင့်နေသော သူ့ခန္ဓာကိုယ်က ယွမ်လော့ဖုန်း ရှေ့နားသို့ ရုတ်တရက် ရောက်ရှိလာတယ်။ သူ့နှုတ်ခမ်းက ကောက်ကျစ် စဉ်းလဲသော အပြုံးကို ဆင်မြန်းထားတယ်။
ပြင်းထန်သော စွမ်းအားတစ်ခုက ယွမ်လော့ဖုန်း တောင်တစ်တောင် ကဲ့သို့ ဖိနှိပ်ထားတယ်။ သူမခန္ဓာကိုယ်က အေးခဲသွားသလို ခံစားရတယ်။ သူမ ပြန်လည် ခုခံချင်တယ်။ သို့သော်လည်း သူမ စွမ်းအားကို အသုံးပြုလို့မရ ဖြစ်နေတယ်။
ပိုင်စီကို တိုက်ခိုက်သည့် အချိန်က သူမ ဘာစွမ်းအားမှ အသုံးမပြုလိုက်ရဘူးလို့ ထင်ကောင်း ထင်နေလိမ့်မည်။ ဒါပေမဲ့ တကယ်တမ်း သူမ စိတ်စွမ်းအားကို အလွန်အကျွံ  အသုံးပြုခဲ့ရတယ်။ ထိုကြောင့်လည်း  လက်ရှိအချိန်မှာ သူမ ခန္ဓာကိုယ်က အရမ်းကို အားနည်း နေရတယ်။
ပိုင်စုလည်း ယွမ်လော့ဖုန်းကို ပြုံးပြီးတော့ ကြည့်လိုက်တယ်။ သူမအပေါ် သက်ရောက်နေသော သူ့စွမ်းအားကို ပိုပြီးတော့ တိုးမြှင့်လိုက်တယ်။ သူမ ဒူးထောက်စေဖို့ အတင်းကျပ် ကြိုးစားနေတယ်။
ကောင်မလေးရဲ့ ဒူးခေါင်းက တုန်ရီမှုကို တားဆီးလို့ မရနိုင်ပေ။ ဖြုံလောက်သော ဖိအား အောက်မှာ  သူမခြေထောက်တွေက ဆက်ပြီးတော့ သည်းမခံနိုင်တော့ သကဲ့သို့ ခံစားနေရရှာတယ်။
သို့သော်လည်း…။
သူမအရိုးများ ကျိုးကြေတော့မည် သကဲ့သို့ ခံစားနေရသော်လည်း သူမ ဒူးခေါင်းကို ကွေးသွားဖို့ ခွင့်မပြုနိုင်ပေ။ သူမ ကျောရိုးများကို အတင်းကျပ် ဖြောင့်တန်းထားပြီး သူမ၏ မျက်ဝန်းနက်က ဆုံးဖြတ်ချက် ခိုင်မာမှုဖြင့် ပြည့်နှက်နေတယ်။
“ကောင်မလေး….. မင်းက မျှော်လင့်ထားတဲ့အတိုင်း မဆိုးပါဘူး”
ပိုင်စုက ယွမ်လော့ဖုန်းကို ချီးမွမ်းစကား ပြောပြီး တစ်ချက် လှမ်းကြည့် လိုက်တယ်။ သို့သော်လည်း သူ့စွမ်းအားကိုတော့ မရပ်တန့်လိုက်ပေ။ ထို့အစား ယွမ်လော့ဖုန်း အပေါ်သို့ သက်ရောက်နေသော သူ့စွမ်းအားကို တိုးမြှင့်လိုက်တယ်။
“မင်း ဘယ်လောက်ထိ ကြာကြာ သည်းခံနိုင်မလဲ ဆိုတာ ကိုယ် စောင့်ကြည့် ရတာပေါ့လေ”
 ဒီကောင်မလေးရဲ့ ကိုယ်ရည် ကိုယ်သွေးအရ ပြောရရင် အရမ်းကို ခေါင်းမာလွန်းတယ်။ အခုတည်းက သူမကို ယဉ်ကျေးအောင် မပြုလုပ်ထားခဲ့ရင် အနာဂတ်မှာ သူမကို အသုံးချရင် သူ အတွက် အခက်ခဲ ဖြစ်လာနိုင်တယ်။
ပိုင်စုက သူ့ခန္ဓာကိုယ်မှာ ရှိနေသော စွမ်းအား အားလုံးကို ထုတ်လွှင့် လိုက်ပြီးတော့ ယွမ်လော့ဖုန်းရှိရာသို့ ပို့လိုက်တယ်။
သာမန် လူတစ်ယောက် ဆိုရင်တော့  သူ့စွမ်းအားကြောင့် ဖိနှိပ်နိုင်တာ ကြာလောက်ပါပြီလေ။ ဒါပေမဲ့ အခုက ယွမ်လော့ဖုန်းက နာနာကျင်ကျင် ခါးခါးသီးသီးကို အဆုံးထိ အလျှော့မပေးပေ။ 
သူမ ဒူးခေါင်းမှာ တုန်ခါမှုက ပြင်းထန်လာပြီး သူမ ခြေထောက်က တဖြည်းဖြည်းချင်း ညွတ်ကွေး လာတယ်။
ယွမ်လော့ဖုန်း၏ ချွေးများ တသွင်သွင် စီးဆင်းနေတာကို ကြည့်ရင် ချင်ယန်နှင့် ရဲ့လင်းတို့ နှစ်ယောက်မှာ စိုးရိမ်မှုဖြင့် ဗျာပါဒ များနေရတယ်။
သို့သော်လည်း ပိုင်စုက သူ့စွမ်းအားကို ယွမ်လော့ဖုန်းပေါ်မှာ သက်ရောက်ထား သကဲ့သို့  တချို့ စွမ်းအား ကိုလည်း ထုတ်ထားတယ်။ ဒီအပိုစွမ်းအားက သူတို့နှစ်ယောက် အပေါ်လည်း သက်ရောက်မှု ရှိနေသောကြောင့်  သူတို့နှစ်ယောက်လုံး ခြေတစ်လှမ်းမျှ ရွေ့မရပေ။  ယုံကြည်ဖို့ ခက်ခဲသော စွမ်းအားအောက်မှာ ယွမ်လော့ဖုန်းက အပြင်းထန် သည်းခံနေရရှာသည်ကို ကူရာမဲ့စွာ ကြည့်နေခဲ့ရတယ်။
ယွမ်လော့ဖုန်း၏ ခန္ဓာကိုယ်က သည်းခံနိုင်သော အတိုင်းတာကို ကျော်လွန်နေခဲ့ပါပြီ။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော မျက်နှာကို ချွေးစေးများဖြင့် ဖုံးလွှမ်းထားတယ်။ သူမ အဝတ်စားကလည်း ချွေးများဖြင့် လုံးဝ စိမ့်ဝင်နေတယ်။ သူမခန္ဓာကိုယ် အလှကို ပေါ်လွင် နေစေတယ်။
“ယွမ်ရှောင်….”
သူမ မျက်ဝန်းကို မှေးစင်းလိုက်ပြီးတော့ သူမ နှုတ်ခမ်းပါးလေး ပြုံးပြီးတော့ ထိုနာမည်လေးကို တိတ်တဆိတ် ရေရွတ်လိုက်တယ်။ 
ယွမ်ရှောင်ဆိုတာ ဘယ်သူလဲ။
လူတိုင်းက သူမ ရေရွတ်လိုက်တဲ့ စကားနှစ်ခွန်းကို ကြားလိုက်ပါတယ်။ ဒါပေမဲ့ သူမပြောလိုက်တဲ့ ယွမ်ရှောင်ဆိုတဲ့ စကားကို နားမလည်နိုင် ဖြစ်ရတယ်။
ထိုအချိန်လေး အတွင်းမှာ ပြင်းထန်သော အရှိန်ဝါတစ်ခုက ချက်ချင်း ရိုက်ခတ်လာပြီး ထိုအရှိန်ဝါ နောက်မှာ အမည်းရောင် အရိပ်တစ်ခုက တစ်ဟုန်ထိုး သူတို့အားလုံး ရှိရာသို့ ရောက်ရှိလာခဲ့တယ်။ မြေဝပ်ငှက် တစ်ကောင်နှင့် ဆင်တူတယ်။ လမ်း တစ်လမ်းလုံးကို လေပြင်း တိုက်သွား သကဲ့သို့ ဖြစ်သွားစေတယ်။
မြန်လွန်းတယ်။
ရွေ့လျားနှုန်းက မြန်လွန်းတယ်။ ထိုလူက လေပြင်းတစ်ခု အတိုင်းပဲ။ အားလုံး အသိပြန်ဝင် လာချိန်မှာ အမျိုးသားလေး တစ်ယောက်က ယွမ်လော့ဖုန်း အနားကို ရောက်နေခဲ့ပြီ ဖြစ်တယ်။
တိုတောင်းသော ကာလအတွင်းမှာ မြေပြင်ပေါ်သို့ လဲလျောင်းတော့မည်ဟု ခံစားနေရသော ယွမ်လော့ဖုန်းလည်း သူမနောက်ဘက်မှ ဆန့်တန်းလာသော လက်မောင်း တစ်ခုကို ခံစားလာရတယ်။ သူမခန္ဓာကိုယ်က နွေးထွေးသော ရင်ခွင်ထဲမှာ လဲလျောင်း သွားတယ်။
ထိုအမျိုးသားလေးရဲ့ ကျယ်ပြန့်သော ရင်ခွင်ထဲမှာ ပွေ့ဖက်ခံထားရသော ခံစားချက်ကြောင့် လှပသော သူမမျက်နှာပေါ်မှာ အပြုံးပန်းလေး တစ်ပွင့် ပေါ်ပေါက်လာတယ်။
“ယွမ်ရှောင်… ရှင်လာမယ်ဆိုတာ ကျွန်မ သိနေခဲ့တယ်”
နှစ်ဝက်ခန့် ရင်းနှီးကျွမ်းဝင်ပြီး နောက်ပိုင်းမှာ သူမက ဒီအမျိုးသားလေး ရနံ့ကို ရင်းနှီးနေခဲ့ပြီလေ။ သူမက ဒီအမျိုးသားလေး ရနံ့ကို အာရုံခံမိတာကြောင့် သူမ စိတ်အေးချမ်းစွာဖြင့် သူမ ခန္ဓာကိုယ်ကို လဲလျောင်းဖို့ ခွင့်ပြုလိုက်တာပေါ့လေ။
“ကိုယ် နောက်ကျသွားခဲ့တယ်”
ထိုအမျိုးသားလေးက ပြုံးနေပြီး သူ့ဝတ်စုံက လေထဲမှာ လွင့်နေတယ်။ ကောင်မလေးကို သူ့ရင်ခွင်ထဲမှာ တင်းကျပ်စွာ ဖက်ထားတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက လူသတ်ချင်တဲ့ အငွေ့သက်ကို ထုတ်လွှင့်နေတယ်။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Où les histoires vivent. Découvrez maintenant