စာစဉ်(၁၄) 326+327+328+329+330

407 20 0
                                    

အပိုင်း(၃၂၆)

ယွမ်ရှောင် ပြန်လာခြင်း(၅)

 
“ငါ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို သူမ တစ်ယောက်တည်း ပိုင်ဆိုင်တယ်။ သူမကလွဲရင် ဘယ်မိန်းကလေးမှ ငါ့ခန္ဓာကိုယ်ကို ထိဖို့ အရည်အချင်း မရှိဘူး”
သူတို့က သူရဲ့ ဘောင်းဘီရှည်ကို ထိတယ် ဆိုရင်တောင်ပေါ့….
စီရွှမ်ရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးက ကျောက်ရုပ် တစ်ရုပ်လို တောင့်တင်း သွားခဲ့တယ်။ သူမ နှလုံးသား နာကျင်မှုက သူမလက်မောင်း နာကျင်မှုကို ဖုံးလွှမ်း သွားခဲ့တယ်။ သူမ ရှေ့နားမှာ ရပ်နေတဲ့ ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို စိတ်နှလုံးကြေကွဲသော အကြည့်ဖြင့် ကြည့်နေခဲ့မိတယ်။ သူမနှလုံးသားကို တဖြည်းဖြည်းချင်း ဝန်တိုစိတ်များက ဝါးမျိုသွားခဲ့တယ်။ ဒီအမျိုးသမီးက ခံစားချက် ကင်းမဲ့သော အမျိုးသားလေးရဲ့ အချစ်စစ်ကို ပိုင်ဆိုင်နိုင်လောက်တဲ့အထိ ကံကောင်း နေရတာလဲ။ သူမမှာတော့ သူ့အချစ်ကို မျှော်လင့်ခွင့်မရှိခဲ့သလို… ရယူပိုင်ဆိုင်ခွင့် မရှိခဲ့ဘူး။
“ချင်ယွမ်”
ယွမ်ရှောင်လည်း သူ့အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ခံစားချက် ကင်းမဲ့စွာ ခေါ်လိုက်တယ်။
“သူမ ကိစ္စ ဖြေရှင်းပြီးသွားရင် စီချုံကို ငါတို့နဲ့အတူတူ ခေါ်သွားမယ်”
သူ တစ်ရက်လောက်လေး အပြင်ထွက် သွားခဲ့တယ်။ သူ မရှိတဲ့ အခွင့့်အရေးကို အသုံးချပြီး သူမကို ပြဿနာ ရှာရဲမယ်လို့ မထင်ခဲ့မိဘူး။ သူမကို နာကျင် ထိခိုက်အောင် ပြုလုပ်ဖို့ ခွင့်မပြုနိုင်ဘူး။
“လက်မခံနိုင်ဘူး”
စီရွှမ်တစ်ယောက် တုန်လှုပ် ချောက်ချားစွာ အော်ဟစ်လိုက်တယ်။
“ဖေဖေ… သမီးကို ကယ်ပါ။ သမီး…. မသေချင်ဘူး။ သမီးကို ကယ်ပေးပါနော်… တောင်းဆိုပါတယ်”
သူ့သမီးရဲ့ အနူးညွှတ် တောင်းပန်နေသော အသံကို နားထောင်ရင်း စီချုံရဲ့ ခန္ဓာကိုယ်က တုန်ရီလာတယ်။ ဒါပေမဲ့  နောက်ဆုံးမှာတော့ သူလည်း အကြင်နာကင်းမဲ့ ခေါင်းကို လှည့်လိုက်ပြီး တစ်ချက်မျှ လှည့်မကြည့်တော့ပေ။
“နားဆူအောင် အော်ဟစ်နေတာ ရပ်လိုက်တော့။ အသုံးမဝင်ဘူး။ ကျယ်လောင်စွာ အော်ဟစ်လို့ လည်ချောင်း ကွဲသွားလည်း ဘာအကျိုးမှ ထူးလာမှာ မဟုတ်ဘူး”
ချင်ယွမ်လည်း ကျိတ်ရယ်လိုက်တယ်။
“စီရွှမ်… မင်းသတ္တိကိုတော့ အထင်ကြီး လေးစားပါတယ်။ ငါ့သခင်ရဲ့ မိန်းကလေးကို တကယ်ပဲ နာကျင် ထိခိုက်အောင် ပြုလုပ်ဖို့ တွေးရဲတယ်။ ငါ့သခင်ကို ရန်မစမိဖို့  မင်းအဖေက မသင်ပေးထားဘူးလား”
ပြောသင့်တာ ပြောပြီးတာနဲ့ ချင်ယွမ်လည်း သူမကို ဆက်ပြီးတော့ ကြည့်မနေတော့ပေ။ ဘာပဲဖြစ်ဖြစ် စီရွှမ်က သူ့မျက်လုံးထဲမှာ သေလူတစ်ယောက်ပဲ။ စီချုံက သူ့သမီးအရင်းကို မကယ်နိုင်လောက်တဲ့အထိ အကြင်နာ ကင်းမဲ့တာ မြင်ရတော့ သူ့အတွက်တော့ အမြင်ကျယ်စေသော အတွေ့အကြုံကို ရရှိလိုက်တယ်။
ချင်ယွမ်လည်း သူ့ရင်ဘတ်မှ အမည်းရောင်ဆေးကို ဆွဲထုတ်လိုက်ပြီး စီချုံကို ပေးလိုက်တယ်။
“ဒါကို မျိုချလိုက်”
“ဒါက ဘာလဲ”
စီချုံ တစ်ယောက် ဗလာကျင်း ကြည့်လိုက်ပြီး သူ့အကြည့်က သံသယအဖြစ်သို့ ပြောင်းလဲသွားတယ်။
“ဒါက အဆိပ်ဆိုတာ ရှင်းနေတာပဲလေ။ ကျုပ်က ခင်ဗျားသောက်ဖို့ အားဆေးပေးမယ် ထင်နေတာလား”
ချင်ယွမ်လည်း  လှောင်ပြုံး ပြုံးပြီး ကြည့်လိုက်တယ်။
“ဒီဆေးလုံးကို မြန်မြန်လေး မျိုချလိုက်စမ်းပါ။ ဒါမှ ငါတို့ ဆက်ပြီးတော့ ခရီးဆက်နိုင်မှာ”
ငါတို့ ခရီးဆက်မယ် ဆိုတဲ့စကားက လူတစ်ယောက်ကို တခြား အကြောင်းအရာ တစ်ခု အလွယ်တကူ တွေးမိသွားစေတယ်။ စီချုံကလည်း တခြား အကြောင်းအရာ တစ်ခုလို့ တွေးမယ့် လူစားမျိုးပါ။
“သရဲဘုရင်က ကျုပ်ကို အတူတူ ခေါ်သွားဖို့ပဲ ပြောတာပါ။ ကျုပ်ကို မသတ်ခိုင်းပါဘူး။ ဒါ့ပြင် ကျုပ်က စီရွှမ်ကို အပ်လိုက်ပြီလေ။ ဒါဆို ဘာကြောင့် ကျုပ်ကို သတ်မလဲ”
စီရွှမ်လည်း ခံစားချက်ကင်းမဲ့စွာ ပြောလိုက်တယ်။
“ကျုပ်က ခင်ဗျားကို သတ်မယ်လို့ ဘယ်သူက ပြောလိုက်လို့လဲ။ ခင်ဗျားလို အကြင်နာတရား ခေါင်းပါးပြီး ရက်စင်တဲ့ လူတစ်ယောက်က ယုံကြည်ဖို့ ခဲယဉ်းတယ်။ ဒါကြောင့် ခင်ဗျား ဒီဆေးကို သောက်ရမယ်။ ဒါမှလည်း ခင်ဗျားကို အလွယ်တကူ ထိန်းချုပ်နိုင်မှာလေ။ ခင်ဗျား သစ္စာ ဖောက်တာကိုလည်း ရှောင်ရှားနိုင်မယ်”
“ဒါပေမဲ့ သရဲဘုရင်က ဒီလို ပြုလုပ်ဖို့ မင်းကို မပြောခဲ့ဘူးလေ”
စီချုံလည်း ခြေလှမ်း အနည်းငယ် နောက်သို့ ဆုတ်လိုက်တယ်။ အမည်းရောင် ဆေးကို မသောက်ချင်ဘူး ဆိုတာ ရှင်းနေတာပဲ။
ချင်ယွမ်လည်း အတော်လေး စိတ်မရှည် ဖြစ်စွာ မျက်မှောင်ကြုတ် လိုက်တယ်။ သူ့မျက်နှာထားက ခံစားချက် ကင်းမဲ့နေတယ်။
“အရာရာတိုင်းကို သခင်က သူကိုယ်တိုင် လိုက်ပြောနေရမယ် ဆိုရင် သူ့လက်အောက် ငယ်သား အဖြစ် ကျုပ်တို့ကို လိုအပ်ပါဦးမလား။ ခင်ဗျား ကျုပ်တို့ နောက်ကို လိုက်နိုင်ဖို့  မြန်မြန် ဒီဆေးကို သောက်လိုက်တော့။ မဟုတ်ရင်တော့ ခင်ဗျား သမီးကို ငရဲမှာ အဖော်ပြုပေး လိုက်တော့”
စီချုံလည်း အချိန်အကြာကြီး တွေးတော နေခဲ့တယ်။ ဒါပေမဲ့လည်း ချင်ယွမ်ရဲ့ အမိန့်ကို နာခံလိုက်တယ်။ တုန်ရီနေတဲ့ လက်ကို ဆန့်တန်းရင်း အမည်းရောင်ဆေးကို ယူလိုက်တယ်။ ဆေးမသောက်ခင်မှာ သူ့မျက်လုံးများကို ပိတ်ထား လိုက်တယ်။
စီချုံတစ်ယောက် အဆိပ်ဆေး သောက်နေတာကို ကြည့်ရင်း ချင်ယွမ် လှောင်ပြုံးပြုံးပြီး ပြောလိုက်တယ်။
“သူမကို မြှုပ်နှံဖို့ တွင်းတူးပေးချင် သေးလား။ ချက်ချင်း ငါတို့နဲ့အတူတူ ထွက်ခွာ သွားမလား”
စီချုံလည်း သူ့ခေါင်းကို ခါယမ်းလိုက်တယ်။
“သူမကို ကြုံရာနေရာမှာ မြေမြှုပ်ထားလိုက်တာ ကောင်းပါတယ်။ သူမ ကျူးလွန်ခဲ့တဲ့ ပြစ်မှုက ဝိညာဉ်မျိုးနွယ်စု တစ်စုလုံးကို ငြိစွန်းလုနီးပါးပဲ။ ဒါကြောင့် သူမက ဘိုးဘွားခန်းမကို ဝင်ရောက်ဖို့ အခွင့်အရေး မရှိဘူး”
စီရွှမ်ရဲ့ ခန္ဓာကိုယ်က ဒေါသတကြီး တုန်ရီလာပြီး သေတော့မဲ့ လူတစ်ယောက်ကဲ့သို့ ဖြူဖျော့နေတဲ့ မျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေတယ်။ ကြည့်ရတာတော့ သူမကို အရမ်းချစ်ခင် နှစ်သက်ခဲ့တဲ့ သူမ ဖခင်က  ဒီလောက်အထိ ရက်စက်မယ်လို့ မယုံကြည်နိုင်ဘူး ထင်တယ်။
အဖေက သူမကို မကယ်တင်တဲ့အပြင် သူမအလောင်းကို မြှုပ်နှံပေးဖို့ မရည်ရွယ်ခဲ့ဘူး။
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now