1

17K 383 10
                                    

"ရွှေပုံရေ ကောက်စိုက်ဖို့သွားကြမယ်ဟေ့ "

"လာပါပြီတော့....လာပါပြီ....ဒီမှာထမင်းချိုင့်ပြင်နေလို့ပါတော်"

ဝါးအိမ်လို့မဆိုသာ တဲအိမ်လေးထဲကနေထွက်လာတဲ့ အသားဖြူဖြူ လူကောင်သေးသေးလေးနဲ့ လုံမပျိုက သူ့ရဲ့ တစ်ဖက်တစ်ခုစည်းထားတဲ့ တင်းပါးအထိရှည်တဲ့ ဆံပင်တွေကို သေသေချာချာသပ်တင်ရင်း အိမ်ပြင်ဘက်ကို အမြန်ပြေးထွက်လာတော့သည်။

"အမလေး ​ရွှေပုံရေ ညည်းကမပြင်မဆင်လည်းလှပါတယ်တော် "

သူငယ်ချင်းဖြစ်သူ ကြာညိုပြောစကားကြောင့် ရွှေပုံ သွားဖြူဖြူလေးတွေပေါ်အောင်ရယ်ပြမိသည်။ သူပြောလည်းပြောချင်စရာပါပဲလေ အပေါ်ကဇာပေါက်အကျီအသားရောင်ကို ေအာက်ကပါတိတ်ထမိန် နီညိုရောင်လေးနဲ့ဝတ်ထားတဲ့ ရွှေပုံ က တကယ်ကိုလိုက်ဖက်လှသည်။ အသားကလည်းဖြူတာမို့ ဝတ်ထားတဲ့အကျီအရောင်နဲ့ကလုံးဝကိုကြည့်လို့ကောင်းနေတော့သည်။

"ကဲ...နင်ပြီးပြီဆိုရင်သွားမယ်လေ"

"အေး သူငယ်ချင်း ငါ့အပြင်ခံအကျီလေးဝတ်လိုက်ဦးမယ် ဟဲ့ ဒါနဲ့ နှင်းကြည်ကိုလည်းမတွေပါလား"

"ဘယ်တွေ့မတုန်းအဲ့ကောင်မ မနေ့က ကောက်စိုက်ပြီးအပြန် မိုးရေတွေချိုးပြီးနေမကောင်းဖြစ်နေလေရဲ့ ကဲပါလာပါသွားကြမယ်အချိန်လည်းလင့်နေပြီ"

သူငယ်ချင်း ၂ယောက်စကားတပြောပြောနဲ့ရွာပြင်ကလယ်ထဲကိုကောက်စိုက်ရန်ထွက်လာခဲ့တော့သည်။

တကယ်တော့ ရွှေပုံ ကမိန်းကလေးတစ်​ေယာက်မဟုတ်ပေ။ ဒွိလိင်တစ်ယောက်သာ ခန္ဓာကိုယ်ဖွဲစည်းပုံအရ မိန်းကလေးနဲ့တူတာရယ် ၊ မိန်းကလေးလို့ ဖြစ်စဥ်များဖြစ်နေတာကြောင့် ရွှေပုံက  မိန်းကလေးလိုနေရခြင်းဖြစ်သည်။

ရွှေပုံ ကိုမွေးစားထားတဲ့ အဖွားတင်ကလည်း ရွှေပုံ မှာမိန်းကလေးတွေလို ဓမ္မတာလားမှန်းသိကတည်းက မိန်းကလေးလိုဝတ်ပေးတာကတစ်​ကြောင်းရယ် ရွှေပုံ ရဲ့စိတ်ကကိုမိန်းကလေးဆန်ချင်တာမို့ မိန်းကလေးအဝတ်အစားတွေနဲ့သာ အသားကျနေတော့သည်။

အဖွားတင်ကလွန်ခဲ့တဲ့ လလောက်ကဆုံးသွားပြီမို့ အိမ်မှာ ရွှေပုံ တစ်ယောက်တည်းသာရှိသည်။ ဒါကြောင့် ရွှေပုံသူငယ်ချင်းမ၂ယောက်ဖြစ်တဲ့ ကြာညိုနဲ့ နှင်းကြည်က စိတ်မချပေ။ အဘွားတင်ရှိတုန်းကတောင် ရွှေပုံ တို့အိမ်နားမှာရွာက ကာလသားတွေရော ရွှေပုံ ကိုတစ်ဖက်သတ်ကြိုက်နေကြတဲ့ လူတွေကပါ လာလာခိုးချောင်းကြတာကြောင့်ဖြစ်သည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now