6

5.7K 402 23
                                    

ဒီနေ့က ထူးခြားတို့မဂ်လာပွဲ အတွက်လိုအပ်တာတွေမြို့ကိုသွားဝယ်မှာမို့ ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေရသည်။ မဂ်လာပွဲအတွက်လိုအပ်တဲ့ စာရင်းဇယားတွေကို ဂျီးတော်စိန်နဲ့ဒေါ်လေးညို သေချာစာရွက်ဖြင့်ချရေးထား​ပေးသည်။

"ရွှေပုံ ကိုမျိုးဦး တုတ်တုတ်ရောက်နေပြီ သွားကြရအောင် ပိုက်ဆံတွေပါလား သေချာစစ်ဦး ဟိုရောက်မှ မေ့နေရင် နောက်တစ်ခေါက်ပြန်လာရမှာမလွယ်ဘူး"

ထူးခြားတို့ရွာက မြို့နဲ့ အနည်းငယ်လှမ်းသည်။ မြိုကိုသွားအရင် တစ်ရက်လောက်တော့ကြာပေမယ့် နေချင်းပြန်ဆိုရင်တော့ စောစောထရျ်သွားလေသည်။ ဒါကြောင့်မို့ အားလုံးကိုသေချာပြင်ဆင်ထားရသည်။ ရွာထဲမှာဆိုင်တွေရှိပေမယ့်လည်း မဂ်လာတစ်ပွဲစာလုံလောက်သည့်အထိ ဝယ်ခြမ်းရျ်မရပေ။

"ဟုတ် ရွှေပုံ အားလုံးစာရင်လုပ်ပြီးပါပြီ ဂျီးတော်စိန်နဲ့ အမေညိုရောရောက်နေပြီလားအကို"

"အင်း...ရွှေပုံကိုစောင့်နေတာ "

"ဒါဆိုသွားကြမယ်လေ အကို"

ဒီလိုနဲ့  ထူးခြားတို့လည်းမြို့သို့တက်ခဲ့ကြတော့သည်။မြို့ကစျေးဆိုတဲ့အတိုင်း လူတွေကြိတ်ကြိတ်တိုးစည်ကားလှသည်။ ဂျီးတော်စိန် နဲ့ ဒေါ်လေးညိုကတော့ မဂ်လာပွဲမှာကျွေးမယ့် ဆီ ၊ ဆား ၊ ဆန် ၊ ငရုတ်သီး ၊ ကြက်သွန် ၊ နနွင်း ၊ မန်ကျည်းသီး ၊ အချိုမှုန့် စတဲ့ ပစ္စည်းတွေကို ဝယ်နေကြတာမို့ ထူးခြားနဲ့ ရွှေပုံလည်း ဂျီးတော်စိန်နဲ့အမေညိုတို့ကို ပိုက်ဆံပေးခဲ့ပြီး အဝတ်အစားနဲ့ လိုအပ်တာတွေဝယ်ရန် မြို့ထဲကိုထွက်လာခဲ့တော့သည်။

မြို့ရောက်ကတည်းက အကိုက ရွှေပုံလက်ကိုကိုင်ထားတာမလွှတ်ပေးပေ။ တခါတလေရွှေပုံကိုသူ့ရင်ခွင်ထဲကိုထည်ကြာ စျေးဝယ်တာကြောင့် ရွှေပုံမှာ ရှက်အားပိုရသည်။ ဆိုင်ရှင်အဒေါ်ကြီးတွေကလည်း ' လိုက်ဖက်လိုက်ကြတာ ' 'ယောကျာ်းလုပ်သူက မိန်းမကိုချစ်တတ်လိုက်တာ 'ဆိုပြီးပြောကြလေသည်။

ထူးခြားမြို့ကိုရောက်ရောက်ချင်း စျေးဝယ်မလို့ စျေးထဲကိုလာတဲ့လမ်းတစ်လျှောက်လုံး ရွှေပုံကိုမျက်လုံးကျွတ်ကျမတတ်ကြည့်နေတဲ့ ကောင်တွေကြောင့် စိတ်အလိုမကျပေ။ ဒီနေ့မှရွှေပုံကလည်းဘာလို့အရမ်းကြီးလှနေမှန်းမသိပေ။ စိမ်းပြာရောင် စံမြန်လက်ရှည်လေးကိုဝတ်ထားတဲ့ ရွှေပုံက ရှည်လျားတဲ့ဆံပင်တွေကိုလည်း စိမ်းပြာရောင်ကလစ်လေးနဲ့အပြောင်သိမ်းညှပ်ထားလေသည်။ ဘယ်ရမလဲ ထူးခြားလည်းရွှေပုံကို လက်ကိုကိုင်ရင်းရင်ခွင်ထဲပဲထည့်ထားလိုက်တော့သည်။ မှတ်ပြီလားအဲ့တာ ငါ့မိန်းမကိုကြည့်ဦး ဟွန်း။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now