4 (zawgyi)

444 10 0
                                    

လူကြီးစုံရာရှေ့မှောက်မှာ ထူးခြားနဲ့ ရွှေပုံဘေးချင်းကပ်ထိုင်နေကြလေသည်။ ရွှေပုံကတော့ ကိုထူးခြားကြီးကို အရမ်းကိုမျက်နှာပူမိသည်။ သူမှာ ကူလည်းကူညီရ  ရွှေပုံကိုလည်းအခုယူရတော့မယ်လေ လူကြီးတွေကလည်းဘယ်လိုမှရှင်းပြလို့ရမယ့်ပုံမပေါ်ပေ။

ကိုထူးခြားကြီးကတော့ ရွှေပုံဘေးမှာ သူ့ရဲ့ရွံ့တွေသဲတွေနဲ့ပေပွနေတဲ့ ဘေးလွယ်အိတ်ကြီးကိုလွယ်ရင်း ထိုင်နေလေရဲ့။

" ကဲကဲ.....လူကြီးမိဘတွေစုံပြီဆိုတော့....ကျုပ်ပြောချင်တာက......"

သူကြီး ဦးဘငွေရဲ့စကားမဆုံးသေးဘူး စည်းပိုင်လောက်ရှိတဲ့ခန္ဓာကိုယ်ကြီးနဲ့ သူကြီးဦးဘငွေတို့ခြံထဲကိုအော်ဝင်လာတဲ့ဒေါ်တုတ်

"နေကြပါဦး.....နေကြပါဦး....မိရွှေပုံက ဒီအရက်သမားနောက်လိုက်ပြေးတာဆိုတော့ ကျုပ်သားကရော ကျုပ်သားသန်းမောင်အခုထိပြန်မလာသေးဘူး"

"အဒေါ့်သားပါသာ ဘယ်မှာသွားသေနေလဲမသိတာကို ကျုပ်တို့ကိုဘာကိစ္စလာမေးနေတာတုန်း သိချင်ရင်ကိုယ့်ဘာသာသွားစုံစမ်းကျုပ်တို့မဂ်လာယူနေတယ် အကုသိုလ်လာပြီးမပေးနဲ့"

ထူးခြားရဲ့ စကားသံကြောင့် ဒေါ်တုတ်မှာ ခုနကပြသနာရှာနေတာသူမဟုတ်သလိုပဲ မျက်နှာငယ်လေးနဲ့တိတ်ဆိတ်သွားတော့သည်။

"ဟဲ့....မိတုတ်....ဟိုးမှာ ညည်းသားသန်းမောင်မလား"

ရွှေပုံတို့ပွဲကိုလာပြီးကြည့်တဲ့ မိန်းမတစ်ဦးရဲ့အသံကြောင့် ကြည့်လိုက်တော့ သူကြီးဦးဘငွေတို့ခြံရှေ့မှာ ဝေ့လည်ဝေ့လည်လုပ်နေတဲ့ သန်းမောင်ကြောင့် သူကြီးဦးဘငွေမှာ သန်းမောင်ကိုခေါ်လိုက်ရတော့သည်။

သန်းမောင်ကတော့ခေါင်းကြီးစိုက်ကာခြံထဲသို့ဝင်လာတော့သည်။ဒေါ်တုတ်ကတော့ သူမသားကိုပြေးဖက်ရင်း သူ့မသားရဲ့မျက်နှာကဒဏ်ရာတွေကိုကြည့်ရင်း ဘယ်လိုဖြစ်လာတာလဲ ၊ ဘယ်သူလုပ်လိုက်တာလဲ ၊ စသည်ဖြင့် မေးနေတော့သည်။

"ကျုပ် မိန်းမကို ကြာကူလီလုပ်လို့ ကျုပ်ထိုးလွှတ်လိုက်တာ"

"ဟဲ့....အကောင် နင်ကဘာကောင်မို့လို့ ငါ့သားကိုအခုလိုလုပ်ရတာလဲ နင့်မိန်းမကရော ပဲလောက်ထိတန်ဖိုးရှိနေလို့လဲ ဟမ် "

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Hikayelerin yaşadığı yer. Şimdi keşfedin