10

6.9K 380 52
                                    


" မေညိုရေ....မေညို.."

"အေး...ဘယ်သူလဲဟေ့..."

အိမ်နောက်ဖေးက ထွက်လာတဲ့ ဒေါ်ညိုညိုကြောင့် ရွှေပုံပြုံးပြလိုက်သည်။

"ဟယ်.... ရွှေပုံတို့ လင်မယားပါလား လာလာ ဘယ်ကိုလာတာလဲ "

"မေညိုဆီကိုပဲလာတာ ဟင်းလာပို့တာလေ"

လက်ကဟင်းချိုင့်လေးကိုမြှောက်ပြကာပြောလာတဲ့ ရွှေပုံကြောင့် ဒေါ်ညိုညိုတင်မက ရွှေပုံဘေးက ထူးခြားကပါ အသည်းတယားယားဖြစ်နေတော့သည်။
အိမ်ထဲကိုရောက်တော့ ရွှေပုံက ခေါင်းကိုဟိုစောင်းဒီစောင်းနဲ့ ကြာညိုကိုရှာနေလေသည်။ ဒါကိုသိတဲ့ ဒေါ်ည်ုညိုက

" ရွှေပုံလေးရဲ့ သူငယ်ချင်းကမရှိဘူး ဒီနေ့ကောက်စိုက်သွားတယ်လေ"

"ဟင်.... ရွှေပုံကိုလည်းမပြောဘူး ရွှေပုံလည်းကောက်လိုက်စိုက်မှာပေါ့ "

ရွှေပုံစကားကြောင့် ဒေါ်ညိုညိုက မျက်လုံးလေးပြူးကာ ထူးခြားကိုကြည့်လေသည်။ထူးခြားကတော့ ရွှေပုံက်ုမျက်မှောင်ကျုပ်ကာကြည့်ရင်း

" မင်းယောကျာ်း ငါကမင်းကိုရှာကျွေးနိုင်တယ်အပြင်အလုပ်လုပ်စရာမလိုဘူး နောက်တစ်ခါ အလုပ်လုပ်မယ်ပြောရင် အရိုတ်ခံရမယ်နော် ရွှေပုံ"

ထူးခြားရဲ့စကားကြောင့် ရွှေပုံ ခေါင်းလေးငုံသွားတော့သည်။ဒေါ်ညိုညိုကတော့ ထူးခြားနဲ့ ရွှေပုံကိုကြည့်ရင်းတပြုံးပြုံးဖြင့်သာ

" သား....ထူးခြားကရော ဘာတွေလုပ်မယ်လို့စိတ်ကူးထားလဲ အိမ်ထောင်ကျသွားပြီဆိုတော့ အရင်လိုနေလိုတော့မရတော့ဘူးနော်"

"ဟုတ်ကဲ့...... ဒေါ်လေးညို ကျနော်အရင်က သူကြီးဆီ လယ်ဌားထားတာလေး ပြန်လုပ်မယ်လို့စိတ်ကူးထားပါတယ် လယ်လုပ်ပြီးရင်တော့ သူကြီးကိုစပါးတဝက်ပေးပြီး ကျန်တစ်ဝက်ကို ကျနော်က ၃ပုံပုံ ၂ပုံကို ရောင်းပြီး မီးစက်ပေးမယ်လို့စဥ်းစားထားပါတယ်ဒေါ်လေး"

"ဟယ်....မောင်ထူးခြားရယ် ကောင်းလိုက်တဲ့အကြံပဲ ရွာမှာက မီးစက်ကမရှိဘူး ဖယောင်တိုင်မီးနဲ့ပဲသုံးနေရတော့ မီးစက်ပေးမယ်ဆိုတော့ပိုကောင်းတာပေါ့ကွယ်"

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now