ချစ်ရတဲ့သူကတော့ ထင်မှာပဲ အရမ်းချုပ်ချယ်နေတယ်လို့ ကိုယ်က ချုပ်ချယ်တာမဟုတ်ပါဘူးးး
မရှင်းပြချင်ဘူးး ကိုယ်ချစ်တဲ့သူကိုယ်ကလွဲပြီး
ဘယ်သူနဲ့မှမပတ်သတ်စေချင်ဘူး
ကျတော်က အချစ်ကြီးတယ် ချစ်တယ်ပြောပြီးရင်အဲ့တာက ထာဝရပဲဖြစ်ရမယ်...
ကျတော်က ကင်ထယ်ယောင်း ပဲလေ...🙂
.............
တစ်နေ့
ကျတော် ငယ်ငယ်ထဲကကြိတ်ချစ်ခဲ့ရတဲ့တစ်ဦးတည်းသောလေးရှိရာသို့ အပြန်လမ်းခရီးနှင်လာခဲ့သည်....
ကြိတ်ချစ်ရဲ့သူဆိုလို့ ..ကိုကိုနဲ့စတွေ့ခဲ့တဲ့
အကြောင်းလေးရှင်းပြပါရစေ...
ကျတော် ၁၀နှစ် .... ကိုကို ၁၃နှစ်
၁၀နှစ်အရွယ် ကျတော်က.... စာလုပ်ရတာအပျင်းဆုံးမို့ မာမီစာလုပ်ခိုင်းတိုင်း အိမ်ရဲ့ခြံဝန်းထဲမှာရှိတဲ့ကျတော့်ရဲ့ကိုယ်ပိုင်နေရာလေးမှာနေလေ့ရှိသည်
ပျောက်နေတဲ့ကျတော့်ကိုလာရှာတိုင်း ဘယ်သူမှမတွေ့.....
ကိုယ်တိုင် မပုန်းချင်တော့တဲ့အချိန်မှ အပြင်သို့ကိုယ်တိုင်ထွက်ပီး အိမ်ပေါ်သို့တက်၏..
အဲ့ဒိနေ့က ....ကျတော်ပုန်းနေတဲ့နေရာဆီသို့လိမ့်ဝင်လာတဲ့ဘောလုံးလေး ....
''ဟေ....ညီလေး မင်းဘာတွေလုပ်နေတာလဲ..ကိုကိုတို့နဲ့ဆော့မလား... မင်းက ငါ့သူငယ်ချင်းညီလေးလား?''
ကိုကိုလို့သူ့ကိုယ်သူသုံးနှုန်းပြီးပြောနေတဲ့လူချောလေးကို ကျတော်ငေးမောမိနေခဲ့တာ ဘယ်လောက်တောင်ကြာသွားလဲမသိ...
''ညီလေး....ညီလေး....''
''ဟင်.........ဟုတ်''
''ကိုကို့နာမည် ကင်ဆော့ဂျင်''
''ကျတော်က ကင်ထယ်ယောင်း ''
''ကိုကိုက တစ်ဦးတည်းသောသား''
''ကျတော့်မှာ အကိုရှိတယ် ''
''ကိုကိုက ဘေးအိမ်မှာနေတယ်''
''ကျတော်က ဒီခြံကအိမ်မှာနေတယ်''
''ကိုကိုက ၁၃နှစ်''