''ဟင်..... မင်း......မင်း''
''အ....ကို.....ကျတော့်ကိုကယ်ပါ....''
''လာ....လာ... ကားပေါ်တက်ရအောင်...''
အကိုက ကျတော့်ကိုထူမပေးရင်းသူ့ကားဆီရောက်အောင်ခေါ်သွားပေးသည်...
''ဆေးရုံသွားမယ်....''
''ကျတော့်ကိုဆေးရုံမခေါ်သွားပါနဲ့...တောင်းပန်ပါတယ်
အကို့အိမ်မှာ တစ်ညလောက်တည်းလို့ရမလား ....''အကိုက အနည်းငယ်ငြိမ်ကျသွား၏ အကိုစဥ်းစားနေတာ...ဘာတွေများလဲ.....
''အကို့အိမ်မဟုတ်လဲ ရ.....ရပါတယ်...ကျတော့်ကို.... မိုတယ်တစ်ခုခု.......အာ့......''
အတွေးလွန်ပီးလျှောက်ပြောနေတဲ့ ထိုကောင်လေးဒဏ်ရာတွေက နာကျင်နေပုံံရတယ်...ဆေးရုံကိုဘာလို့မသွားချင်ရတာလဲ...အခုတော့ သူ့က ငါစဥ်းစားနေတာကိုသူ့ကိုအိမ်မခေါ်ချင်လို့ထင်သွားတာလားမသိ...
''ကိုယ့်အိမ်မှာ ပဲ တည်းလိုက်ပါ...''
ပြောလိုက်တော့ ဟန်တောင်မဆောင်နိုင်မှိုရသလိုမျက်နှာနဲ့ ပြုံးပျော်သွားတာ သူမဟုတ်သလို.....
.............
''ပြ... မင်းဒဏ်ရာတွေကြည့်ရအောင်....''
အိမ်သိုရောက်ရောက်ချင်း ကျတော့်ကို စိတ်ပူနေရှာတဲ့အကို..
''ရ...ရပါတယ်... ကျတော့်ဘာသာလုပ်လိုက်မယ်...''
''ငြိမ်ငြိမ်နေစမ်း... ငါ ပြဆို ပြ....''
''အာ....ဟုတ်....😔''
(အကိုက ဒေါသကြီးလိုက်တာဗျ မပြောရဲဝူးးး ကြောက်လို့)
ပြုံးမိတယ် အရင်ချိန်တွေကိုပြန်ရသလိုပဲအကို့ဆီ ကျတော်ပြန်ရောက်ပြီ...ဒီတစ်ခါတော့ လက်မလွှတ်တော့ဘူးး
စဥ်းစားရင်း ပြုံးနေမိတယ်...''ဘာလို့ပြုံးနေတာလဲ''
''ပျော်လို့..... အာ.... ဘာမှမဟုတ်ပါဘူးး''
''တကယ်ပဲ ဒဏ်ရာရတာပျော်တဲ့သူကရှိသေး..''
(ကျတော်ပျော်တာ ဒဏ်ရာကြောင့်မှမဟုတ်တာဗျာ)
''ဆေးလိမ်းပေးမယ်....''
''ကိုယ့်ဘာသာလိမ်းလိုက်မယ်လေ...''