ကျတော့်နာမည် ကင်ဆော့ဂျင်
ကျတော်ကတစ်ဦးတည်းသောသားမို့
ဒယ်ဒီ နဲ့ မာမီရဲ့ မျှော်လင့်ချက်အားလုံးက
ကျတော့်အပေါ်မှာအများကြီးရှိနေတယ်
ငယ်ငယ်ထဲက စီးပွားရေး မှာဦးစီးတတ်အောင်
သူများတွေကိုသနားကြင်နာတတ်အောင်
ဒယ်ဒီ နဲ့မာမီက အမြဲဆုံးမသွန်သင်ထား၍
ကျတော်က အဲ့ဒီလို ပုံစံအတိုင်းကြီးပြင်းလာသည်
မဟုတ်မခံစိတ်လေးနဲ့....ဦးဆောင်တတ်တဲ့စိတ်ကလေးကြောင့် အမြဲရှေ့ရောက်နေတာကိုလဲ...
ကိုယ့်ကိုယ်ကိုဂုဏ်ယူမိတယ်...
........
''ဒီနေ့ ဘာနေ့လဲ နာယူမီ''
''ဟုတ် သောကြာနေ့ပါရှင့်''.
''နေ့ကောင်းလေးပဲ.... အကို ပန်းတွေဆီ ခနသွားအုံးမယ်...ဆိုင်ခနစောင့်ထားပေးနော်''
''ဟုတ်''
..........
''Kim's flowers shop''
ပေ၅၀ပတ်လည် ခြံဝန်းထဲ ဖွင့်ထားတဲ့ဆိုင်လေး
ကျတော့်ကိုယ်ပိုင် ပိုင်ဆိုင်တာဆိုလို့ ဒီဆိုင်လေးနဲ့
ပန်းခြံ ၃ ခြံရယ်ပေါ့....
ဒယ်ဒီတို့က သူတို့ သီးပင်စားပင်ခြံတွေနဲ့ ကိုယ်တိုင်လည်ပတ်နေတာ...ကျတော့်ကိုလိုအပ်မှသာသွားပြီးကူညီပေးလေ့ရှိ၏
.........
ကျတော် ဆိုင်ထဲက ထွက်မည်အပြု...
''Hello....ဟို....ဟို ကျတော် ပန်းဝယ်ချင်လို့ပါ''
'ဟုတ်..ဘာပန်းလိုချင်လိုလဲ ခင်ဗျ''
''အကို့...ကို....''
''ဟင်.... အဲ့ပန်းမရှိပါဘူး''
''အာ...ဟုတ်...ဒီပန်းလေးပြောတာပါ...''
''ဒေစီပန်းလေးလား...''
''ဟုတ်....ဟုတ်ကဲ့.... မာမီ့ကိုလက်ဆောင်ပေးမို့ပါ''
''ဟုတ် ကောင်းတာပေါ့...ဒေစီပန်းလေးတွေက ဖြူစင်ပြီးကျေးဇူးတင်တယ်ဆိုတဲ့ အမှတ်အသားမို့...ဒေစီအဖြူလေးတွေကို စည်းပေးလိုက်မယ်နော်...''