မောင် (Part 4)

220 20 17
                                    

''အကို...ကျတော်က.....''

လှည့်ထွက်သွားတော့မယ့်အကိုက ကျတော့်ဘက်ပြန်လှည့်လာပြီး ဘာပြောမလဲ .... စောင့်ကြည့်နေလေရဲ့...

''ဘာလဲဟင်...''

''ကျတော်က... ကိုကိုငယ်ငယ်ကနေခဲ့တဲ့အိမ်ဘေးမှာ နေတဲ့ကောင်လေး ကင်ထယ်ယောင်းပဲ....''

''ဟင်.........အဲ့ဒါဆို....''

''ဟုတ်....ဟုတ်တယ်... ကျတော်က ကိုကို့သူငယ်ချင်းကင်ဂျီယောင်းရဲ့ညီ...''

''ဘာလို့....အစောကြီးထဲကမပြောတာလဲ''

''ကိုကိုကရော...ကျတော့်ကိုဘာလို့မမှတ်မိရတာလဲ''

''နှစ်တွေအများကြီးကြာနေပီလေ..ငါတောင် အသက် ၃၀ ကျော်လာပြီး ဒါနဲ့.... အန်တီ...အန်တီတို့ရောနေကောင်းကြရဲ့လား''

''..ကောင်းပါတယ်...ဒါပေမယ့် ကိုကိုကျတော့်ကိုတကယ်ကြီးမမှတ်မိတာလား''

''မင်းကရော ဘာလို့ ဒီရောက်နေရတာလဲ...မဟုတ်မှ..မင်းအိမ်ကထွက်​ပြေးလာတာလား​....''

''မဟုတ်ပါဘူးးးဗျာ...ကျတော့်အလုပ်ကိစ္စလေးတွေရှိလို့လာခဲ့တာပါ ''

(အလုပ်ကိစ္စက အကြောင်းပြချက်သက်သက်ပဲ
ဘာပဲ ဖြစ်ဖြစ်ကိုကိုအထင်မလွဲအောင် မုသားလေး
အနည်းငယ်တော့သုံးရမယ်လေ...)

''ဪ...အင်း အင်းပါ ဒီမှာနေတုန်း မင်း သွားစရာမရှိရင် ငါ့အိမ်မှာနေလို့ရတယ်လေ''

''အာ......တ....တကယ်လား?'

''ငါက နောက်နေတဲ့ပုံပေါက်လို့လား ....ဒီမှာ ခနနေခဲ့အုံး...ငါ
ဒဲလ် နဲ့စကားသွားပြောလိုက်အုံးမယ်''

''ဟုတ်...''😔😞

''မျက်နှာက ဘာ​​ဖြစ်သွားတာလဲ...ဘာလဲ ဒဲလ်ကိုတွေ့ချင်လို့လား?''

''အင်း....အာ....မဟုတ်ပါဘူးးး''

''လာလေ...လိုက်ခဲ့...မိတ်ဆက်ပေးမယ်''

(ဪ....ကျတော်က ဒဲလ်ကိုတွေ့ချင်တယ်တဲ့လား)

မိတ်ဆက်ပေးမယ်ဆိုတော့လဲ ဒဲလ်ဆိုတာဘယ်လိုအမျိုးအစားလဲသွားကြည့်ရသေးတာပေါ့....

............

''ဒဲလ်.... စောင့်နေတာကြာသွားပြီလား... ''

''မောင်''Where stories live. Discover now