Part-2

268 24 0
                                    

"သား..ရိပေါ် ထည့်စားနော် အန်တီတို့က အားနားနေရမဲ့လူတွေ မဟုတ်ဘူး"

ရှောင်းကျန့်အပေါ်ထပ်ကနေ ဆင်းလာရင်း မီးဖိုခန်းထဲမှာ စကားသံတွေကြားတာကြောင့် တိတ်တိတ်လေး ခိုးနားထောင်နေလိုက်တယ်။ မားတို့များ ကိုယ့်သားကိုကျ မနက်စာစားဖို့ လာခေါ်ဖို့တောင် မရဘဲ မွေးစားသားကိုကျ‌ ကျွေးနေလိုက်တာ။မုန့်တွေပြောပါတယ်။

"အန်တီ အန်တီတို့ အိမ်မှာ အိမ်တွင်းသူခိုးတွေများရှိလားဟင်"

"ဟင်မရှိပါဘူး သားရဲ့"

"တစ်ချို့က သူများတွေ စကားပြောနေတာကို ခိုးနားထောင်နေတာကို တွေ့လို့ပါ"

ရိပေါ်ရဲ့ စကားကြောင့် ရှောင်းကျန့်အမေလဲ ကြည့်လိုက်တော့တွေ့ပါပြီ။
သူ့ရဲ့သားတော်မောင်ကြီးကို။

"ဟဲ့ ကျန့်ကျန့် အဲမှာ ဘာလုပ်နေတာတုန်း"

"ကျွန်တော်နဲ့ အန်တီ စကားပြောနေတာကို ခိုးနားထောင်နေတာလေ"

"ဝမ်ရိပေါ် မင်းမဟုတ်တာမပြောနဲ့ ငါကခိုးနားထောင်ရအောင် ရူးနေလို့လား"

ဝမ်ရိပေါ်ရဲ့ စကားကြောင့် ရှောင်းကျန့်တင်းသွားသည်။
ဟုတ်တယ်လေ သူက ခိုးနားထောင်နေတာမှ မဟုတ်တာ ပေါ်တင်နားထောင်နေတာကို။

"ကျန့်ကျန့် လာတော့ သူများကို ရန်လိုမနေနဲ့ အိပ်ယာထက နောက်ကျသေးတယ် ကြည့်စမ်း နိုင်ငံခြားမှာနေလာတဲ့ ရိပေါ်တောင် အစောကြီးထပြီး မားကို ကူလုပ်ပေးနေတာ"

"အားနေလို့နေမှာပေါ့"

"ကျန့် ကျန့် မားကြားတယ်နော်"

ရှောင်းကျန့် နှုတ်ခမ်းကို စူပုတ်လိုက်သည်။ဝမ်ရိပေါ်ဆိုတဲ့ သူက အိမ်ကိုရောက်လာပြီး ဘာမှ ကောင်းကျိုးမပေးတဲ့ကောင်။
အိမ်ကိုရောက်လာတာတောင် တစ်ရက်မပြည့်သေးဘူး သူ့ကြောင့် ရှောင်းကျန့် အဆူခံရပေါင်း မနည်းတော့ဘူး။
တွေ့မယ် ဝမ်ရိပေါ် တွေ့ကြသေးတာပေါ့။

___________________________

ဝမ်ရိပေါ်လဲ အိမ်ကိုရောက်တာ တစ်ပတ်ကျော်သွားပြီ။ တက္ကသိုလ်လည်း စတက်နေပြီ။
ရှောင်းကျန့်ကတော့ ခုထိ အလုပ်မရှိသေး။

I Don't Know Where stories live. Discover now