Part -3

251 20 3
                                    

အင်းးးစုပ်လုံးတွေက ဘာလို့ အဲလောက်ချိုနေရတာလဲ။
ခါတိုင်းစားဖူးတဲ့ စုပ်လုံးကမာတယ် ဆိုပေမဲ့ ရှောင်းကျန့် ခုစားနေတဲ့ စုပ်လုံးက ချိုချိုအိအိလေးရယ်

ရှောင်းကျန့် အဲစုပ်လုံးအိအိလေးကို စုပ်ရင်းအားမရတာလဲ အားရပါးရ ကိုက်ချလိုက်တော့ အသံထွက်လာတယ်။

"အ " ဟင် စုပ်လုံးက အသက်ရှိနေတာလား။
သူစုပ်လုံးကို ယူကြည့်လိုက်တော့ WTF ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းကြီး စုပ်လုံးမှာ ကပ်နေတယ်။

နောက်ပြီး အဲနှုတ်ခမ်းကနေ သူမြင်လိုက်ရတာ သူအမြင်ကပ်တဲ့ အပြုံးကြီး။

"အား....…....." အားကုန်အော်ချလိုက်တော့တယ်။

"သား ကျန့်ကျန့် ကျန့်ကျန့်"

"ဟင်..မားး"

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ဘေးမှ မှာက ရပ်နေတယ်။

သူအခုမှ စဉ်းစားမိသွားတယ် ခုနက သူအိမ်မက်မက်နေတယ်ဆိုတာ။
လခွမ်းပဲ...အိမ်မက်ကြီးက ကြက်တိမ်းထစရာကြီး။

"ကျန့် ကျန့် ဘာဖြစ်တာလဲ အော်သံကြီး ကြားလိုက်လို့။ မားအပြန်တက်လာခဲ့တာ"

သူ့မားက စိုးရိန်နေတဲ့မျက်နှာနဲ့ သူ့ကိုမေးလာတယ်
မားကိုတောင် အားနာမိသွားတယ် ။ ဘာမဟုတ်တဲ့ အိမ်မက်လေးကြောင့် မားက်ု စိတ်ပူစေမိပြီ။

အဲ‌ဒါဟိုခွေးကောင် ဝမ်ရိပေါ်ကြောင့်။

"ဘာမှမဖြစ်ဘူးမား...သားအိမ်မက်ဆိုးမက်လို့"

"ဘာမှမဖြစ်ရင်လဲ ပြီးသာပဲ မားက စိတ်ပူသွားတာ"

"ဟုတ် မား ပါးရောဟင်"

"သားပါးက အောက်မှာ မနက်စာစားနေတယ် ခနနေအလုပ်သွားတော့မှာလေ"

"မား ဟို ဟို ဝမ်ရိပေါ်ရော"

"အော်ရိပေါ်လေးက အတန်းရှိလို့တဲ့ ကျောင်းအစောကြီး ထွက်သွားတယ်"

"ကဲသား မျက်နှာသစ်ပြီး ဆင်းလာတော့နော် မားအောက်မှာ မနက်စာပြင်ထားပေးမယ်"

"ဟုတ်မား"

ဝမ်ရိပေါ်‌ကကျောင်းသွားပြီတဲ့
တော်သေးတာပေါ့ ဟိုနေ့ကစပြီး ရှောင်းကျန့် ဝမ်ရိပေါ်နှင့် မတွေ့မိအောင် ရှောင်နေတာ တစ်ပတ်တောင်ရှိနေပြီ

I Don't Know Where stories live. Discover now