Part-4

224 19 2
                                    

ရှောင်းကျန့် မုန့်ဝယ်ပြီး ပြန်လာတော့ ခြံထဲမှာ ရိပေါ် ဘေးမှာ ကောင်မလေး တစ်ယောက်နဲ့။
အဲကောင်မလေးကို ရှောင်းကျန့်သိတာပေါ့ သူ့အိမ်က ဒီနားလေးတင်။

ဘာလဲ။ သူတို့တွေက သူများခြံထဲမှာ လာချိန်းတွေ့နေတာတော့မဟုတ်ပါဘူးနော်။
ဟိုအချေကောင်ကလည်း မျက်နှာကို ဖီးနေလို့ အမြင်ကပ်ဖို့ကို ကောင်းတယ်။
အလကား နှာဘူးကောင်။

ရှောင်းကျန့်လဲ ရိပေါ်တို့ကို မမြင်ချင်ယောင်ဆောင်ပြီးအိမ်ထဲဝင်ခဲ့လိုက်တယ်

"မား ဟိုကောင်မလေးက ဘယ်လို ခြံထဲရောက်နေတာလဲ"

"အော် မေရီလား သူက ရိပေါ်ရဲ့ သူငယ်ချင်းလေ ဒါကြောင့် သူတို့ကို မားခြံထဲမှာ စကားပြောခိုင်းထားတာ"

"သူငယ်ချင်းရော ဟုတ်လို့လားမားရာ ဟိုအချေကောင်မျက်နှာ က ဖီးလို့"

"ဟဲ့သူတို့ဟာသူတို့သူငယ်ချင်းမကလို့ ဘာဖြစ်ဖြစ်ပေါ့ နောက်ပြီး မေရီလေးကလည်း လှလည်းလှ ကျောင်းမှာဆိုလည်း queen ဆိုလားပဲ ရိပေါ်လေး ကြိုက်ရင်တောင်မထူးဆန်းပါဘူး နင့်ကိုသာ ခုထိ‌ကြိုက်တဲ့သူမရှိဘူးမလား"

"မားး တော်ပြီး ဒီနေ့ စိတ်မကြည်ဘူး ဘာမှ လာမခိုင်းနဲ့"

ပြောပြီးအိမ်ပေါ်တက်သွားတဲ့ရှောင်းကျန့်ကို မားက ခေါင်းတခါခါနဲ့။

ဟုတ်တယ် ရှောင်းကျန့် ဒီနေ့စိတ်မကြည်နေဘူး ။
မုန့်ဝယ်ပြီး ပြန်လာတော့အကောင်း ခြံထဲရောက်မှ စိတ်မကြည်လာတာတော့မတတ်နိုင်ဘူး။

ဝမ်ရိပေါ်လူဆိုးကောင် လူဆိုးကောင် လူကိုကျ သူနမ်းချင်တိုင်းနမ်းပြီး သူကျ ကောင်မလေးတစ်ယောက်နဲ့သာယာနေတယ်ပေါ့ လုံးဝ မတရားလိုက်တာ 

နေပါဦး သူဟာသူ ဘယ်သူနဲ့ သာယာသာယာ ငါနဲ့မှ မဆိုင်တာ စိတ်ထိန်းစမ်း ရှောင်းကျန့် နင်ဘာဖြစ်နေတာလဲ သူနဲ့နင်နဲ့က ဘာဆိုင်လဲ 

ဟုတ်တယ် သူကသူ နင်ကနင်ပဲ 

--------------------------------------------

ခု သူနဲ့ ဟိုအချေကောင်နဲ့ အပြင်ရောက်နေတယ် မားကြောင့်ပေါ့

I Don't Know Where stories live. Discover now