Part-5

183 17 4
                                    

မင်းက ကိုယ်မသိလိုက်တဲ့ အချိန်တိုအတွင်းမှာပဲ ကိုယ့်စိတ်ထဲ ဝင်လာခဲ့တယ်

အဲဒါအချစ်လား ဆိုတော့ ကိုယ်မသိဘူး။

ကိုယ်သိတာက ကိုယ့်စိတ်ထဲမှာ မင်းအကြောင်းတွေးမိလိုက်တိုင်း ကိုယ်အမြဲပြုံးနေမိတာပဲ

________I don't know________

"ဟင် ကျန်ကော"

ရိပေါ် ရှောင်းကျန့်ရှိရာကို အမြန်သွားလိုက်ပြီး ထပ်သောက်တော့မယ့် ရှောင်းကျန့်ရဲ့ လက်တွေကို အမြန်ပဲ ဆွဲကိုင်လိုက်တယ်

"မသောက်နဲ့တော့ ကော"

"ဟင် ဘူလဲ"

တော်တော်လေး မူးနေပြီ ထင်ပါရဲ့ ပါးတွေနီနေပြီး မပီတော့တဲ့ အသံနဲ့ သူ့ကို လှည့်ကြည့်လာသည်

"ဘူလဲ လွတ်စမ်းပါ"

"ကျွန်တော် ကျန့်ကောကို ပြန်ခေါ်သွားလိုက်တော့မယ်"

ကျိုးချန်ကို အသိပေးသလို ပြောပြီး ရှောင်းကျန့်ကို ဆွဲခေါ်သွားလေရဲ့
ဟိုက ကားယားကားယားနဲ့ ပါသွားလေရဲ့။

ကျန်ခဲ့တယ် ကျိုးချန်နဲ့ အပေါင်းအပါတွေကတော့ ဘာမှ မပြောနိုင်ပဲ အံဩတကြီးနဲ့ ကြည့်ရုံပဲ ကြည့်နေနိုင်တော့တယ်

ဟူးး ဒီအမူးသမားနဲ့ ဆိုင်ကယ် စီးလို့ ဖြစ်ပါ့မလား
မူးနေတော့ မတော်လို့ ပြုတ်ကျရင် သူရင်ကျိုးရချည်ရဲ့
သူ့ပုခုံးပေါ်က အမူးသမားလေးကိုကြည့်လိုက်တော့ ရိပေါ် တစ်ချက်ပြုံးမိသွားတယ်
မူးနေတာတောင် ချစ်စရာကောင်းတဲ့ ဒီလူသားလေး

"တအားဆိုးနေပါလား ကောက"

ရိပေါ် အမူးသမားလေးရဲ့ နီမြန်း‌ေနတဲ့ပါးကို
ဖွဖွလေး ညစ်ပြီး ပြောလိုက်တော့

"ဟင် ဘူလဲ ကွာ ဒီမှာ တရားကျင့်နေတာကို"

သူ့လက်ကနေရုန်းပြီး ပြောလာတဲ့ကျန့်ကော

"ကော ဘာတွေပြောနေတာလဲ ကျွန်တော့်ကို သေချာကြည့်ပါဦး'

သူ့လက်နှစ်ဖက်နဲ့ ရှောင်းကျန့်မျက်နှာကို ကိုင်ပြီး သေချာကြည့်စေလိုက်တယ်
ထိုအခါ အမူးသမားလေးက အံ့ဩနေတဲ့ပုံနဲ့

I Don't Know Where stories live. Discover now