Part 1(Uni&Z)

2.2K 136 22
                                    

Unicode

"ဘာလဲ ဘာကို ​ပြန်​မော့ကြည့်​နေတာလဲ!"

​ဖြူဖတ်ဖြူ​​ရောမျက်နှာနဲ့ တုန်တုန်လှုပ်လှုပ်​လေးဖြစ်ကာ ကြမ်း​ပြင်​ပေါ်လက်​ထောက်လျက်ခွေ​ခွေ​လေး လဲကျ​နေသူက မတ်တပ်ရပ်​နေသူကို ​မော့ကြည့်​တော့ ထွက်လာတဲ့ အသံ။

လက်​ထောက်လိုက်သည့်အရှိန်​ကြောင့် နာသွားမှန်းသိသာစွာ မျက်နှာ​လေးက မဲ့ခနဲ။

"ပြန်ထ! ​ဟိတ်​ကောင် ​ ငါတို့ ဘာမှ​တောင်မလုပ်ရ​သေးဘူး ဘာကိုအရင်လဲကျပြ​နေတာလဲ!"

မျက်ရည်​တွေဝဲတက်ခဲ့ကာ မျက်လုံး​အောက်​ဘက်က​နေရာ​တွေပါ နီရဲခဲ့သည်အထိ။

"မင်းကို ပြန်ထလို့ ​ပြော​နေတာ!!"

​ပြောရင်းနဲ့ပင် ​ကျောင်းအင်္ကျီ​ကော်လံကို ​ဆွဲ​တော့ ​အောက်က​ကောင်​လေးသည် ဆွဲ​ခေါ်ရာအတိုင်း ပါလာခဲ့သည်။

ဒီပုံစံဟာ ဘယ်လိုပဲကြည့်ကြည့် ​ကျောင်းတွင်း အကြမ်းဖက် အနိုင်ကျင့်​နေတာကြီးမလား။

"ဟမ်! ဒီ​လောက်​လေး တွန်းတာ ! ဒီ​လိုလေး တွန်းတာ! လဲကျစရာလား ဟမ်! လဲကျစရာလားလို့!!"

ဖြူဖတ်ဖြူ​ရော် ​ကောင်​လေးရဲ့ ပုခုံး​တွေကို လက်ဝါးနဲ့တဖတ်ဖတ်တွန်းသည်မို့ ကြည့်လိုက်ရင်​တော့ ဖြည်းဖြည်းလေးထင်ရ​ပေမဲ့ အားပါသည့်အတွက် အတွန်းခံရသည့်ထို​ကောင်​လေး အ​နောက်သို့​ရောက်သည်။

တွန်းရင်း ​ရွှေ့ရင်း ​တွန်းရင်းရွှေ့ရင်း အ​နောက်မှာ နံရံသာရှိ​တော့သည်။

"အဲ့လို လန့်ရင်ဖြစ်သွားတဲ့ မျက်နှာ​လေးက ချစ်စရာ​လေးဆိုတာ ကိုယ့်ဟာကို သိတယ်မလား သိရက်နဲ့ အခုငါ့ကိုအရှက်မရှိဆွဲ​​ဆောင်​နေတာလား"

မျက်နှာကိုထိပါးလာ​တော့မဲ့ လက်​တွေကိုရိုက်ချချင်ခဲ့​ပေမဲ့ လက်​တွေက ရုန်းလို့မရ​အောင် သူ ဖိထားသည်။

လာမထိနဲ့ မကြိုက်ဘူး ​...

ပါး​တွေဆီ​ရောက်​တော့မဲ့ လက်​တွေ​ကြောင့် မျက်စိ စုံမှိတ်ချလိုက်ကာ ​တွေးမိသည်က တစ်​ယောက်ထဲ​သောသူ

အ​နှောင်အဖွဲ့//အနှောင်အဖွဲ့//Jikook/Where stories live. Discover now