Part 6(Uni&Z)

716 63 15
                                    

Unicode

ဒီ​နေ့က ဆိုးလ်အထက်တန်း​ကျောင်းရဲ့ အားကစားပွဲ​တော်​နေ့ဖြစ်သည်။

အားကစားပွဲ​တော်​နေ့တွင် ​အထက်တန်းပထမနှစ်​နဲ့တတိယနှစ်​က ​​အသင်းနှစ်သင်းအ​နေနဲ့ ဘောလုံးပြိုင်ပွဲတွင် ဝင်ကန်ကြမှာဖြစ်သည်။ ဒါ​ကြောင့်မို့ ​ကျောင်းသား​တွေအများအပြား ​​ဘောလုံးကွင်းထဲမှာ စုရုံးကာ အား​ပေးဖို့​ရောက်​နေကြသည်။

ဒီပြိုင်ပွဲတွင် ​ဂျောင်ဂုမပါချင်ဘူးငြင်း​ပေမဲ့
ထယ်​ယောင်း​ကောင်းမှု​ကြောင့် လူ​ရွေးကြ​တော့
ပြိုင်ဖို့ဖြစ်လာခဲ့သည်။ အားကစား​နေ့မို့ ​ကျောင်းသား​တွေအားလုံး ​ကျောင်းအားကစားဝတ်စုံသာ ဝတ်ဆင်ထားကြသည်၊

အထက်တန်း ပထမနှစ်​တွေက အ​ပေါ်​အောက်အဖြူဝတ်စုံဖြစ်ကာ တတိယနှစ်​တွေက​တော့ အ​ပေါ်​အောက် အပြာရင့်ဝတ်စုံဖြစ်သည်။

ဒါ​ပေမဲ့ ဂျီမင်က​တော့ တတိယနှစ်​ပေမဲ့ အ​ပေါ်​အောက်အဖြူဝတ်စုံသာဝတ်ထားသည်။အရင်သူ ပထမနှစ်တုန်းက ဝတ်စုံ​လေး​​ပေါ့။လက်မှာလဲ အဖြူ​ရောင်လက်ပတ်​လေးလဲ ပတ်ထား​သေးသည်။အင်္ကျီအပြာမဝတ်ဘဲဘာလို့အဖြူဝတ်လဲဆို ​ဂျောင်ဂုနဲ့ ဆင်တူဖြစ်ချင်လို့​လေ။

ဟီး ဟီး မသိရင် ကျွန်​တော်နဲ့​ဂျောင်ဂုနဲ့က couple​တွေ​လိုပဲ။အဖြူ​ရောင်အားကစားဝတ်စုံဝတ်ထားတဲ့အထက်တန်းပထမနှစ်​ကျောင်းသားတွေက​တော့ ​လော​လောဆယ် gravityအပြင်ဘက်ခုန်ထွက်​နေကြ​ပေါ့။

​ဂျောင်ဂုက ပြိုင်ပွဲမှာပါတာဆို​တော့ အခု ဂျီမင်းလဲ ​ဘောလုံးကွင်းရှိအား​ပေးတဲ့​နေရာရဲ့​ရှေ့ဆုံးခုံမှာ မနက်ကတည်းက ​နေရာယူထားပြီးသား။

"ဂျီမင်း"

​ခေါ်သံ​ကြောင့်​နောက်လှည့်ကြည့်လျှင်
လူအုပ်တိုး​နေတဲ့ကြားက ဂျီမင်းအနားကို
တိုးလာ​နေတဲ့ ​ဂျောင်ဂု။

"အား​ဆေးလာယူတာ"

​​ဂျောင်ဂုသည် ကြောင်​လေးလို ဂျီမင်းအနား​မှာ
ခေါင်း​လေးငုံ့ပြီးလာချွဲသည်။

ဂျီမင်း​ခေါင်း​လေးပွတ်​ပေးလိုက်​တော့ ပြုံးပြလာတဲ့အချိန်​ခဏ​လေးအတွင်းမှာ ​သူသိလိုက်တာက သူ​ဂျောင်ဂုအ​ပေါ်လုံးဝပျော်ဝင်​နေပြီဆိုတာပဲ။

အ​နှောင်အဖွဲ့//အနှောင်အဖွဲ့//Jikook/Where stories live. Discover now