Unicode
"ဘာလဲ ဘာကို ပြန်မော့ကြည့်နေတာလဲ!"
ဖြူဖတ်ဖြူရောမျက်နှာနဲ့ တုန်တုန်လှုပ်လှုပ်လေးဖြစ်ကာ ကြမ်းပြင်ပေါ်လက်ထောက်လျက်ခွေခွေလေး လဲကျနေသူက မတ်တပ်ရပ်နေသူကို မော့ကြည့်တော့ ထွက်လာတဲ့ အသံ။
လက်ထောက်လိုက်သည့်အရှိန်ကြောင့် နာသွားမှန်းသိသာစွာ မျက်နှာလေးက မဲ့ခနဲ။
"ပြန်ထ! ဟိတ်ကောင် ငါတို့ ဘာမှတောင်မလုပ်ရသေးဘူး ဘာကိုအရင်လဲကျပြနေတာလဲ!"
မျက်ရည်တွေဝဲတက်ခဲ့ကာ မျက်လုံးအောက်ဘက်ကနေရာတွေပါ နီရဲခဲ့သည်အထိ။
"မင်းကို ပြန်ထလို့ ပြောနေတာ!!"
ပြောရင်းနဲ့ပင် ကျောင်းအင်္ကျီကော်လံကို ဆွဲတော့ အောက်ကကောင်လေးသည် ဆွဲခေါ်ရာအတိုင်း ပါလာခဲ့သည်။
ဒီပုံစံဟာ ဘယ်လိုပဲကြည့်ကြည့် ကျောင်းတွင်း အကြမ်းဖက် အနိုင်ကျင့်နေတာကြီးမလား။
"ဟမ်! ဒီလောက်လေး တွန်းတာ ! ဒီလိုလေး တွန်းတာ! လဲကျစရာလား ဟမ်! လဲကျစရာလားလို့!!"
ဖြူဖတ်ဖြူရော် ကောင်လေးရဲ့ ပုခုံးတွေကို လက်ဝါးနဲ့တဖတ်ဖတ်တွန်းသည်မို့ ကြည့်လိုက်ရင်တော့ ဖြည်းဖြည်းလေးထင်ရပေမဲ့ အားပါသည့်အတွက် အတွန်းခံရသည့်ထိုကောင်လေး အနောက်သို့ရောက်သည်။
တွန်းရင်း ရွှေ့ရင်း တွန်းရင်းရွှေ့ရင်း အနောက်မှာ နံရံသာရှိတော့သည်။
"အဲ့လို လန့်ရင်ဖြစ်သွားတဲ့ မျက်နှာလေးက ချစ်စရာလေးဆိုတာ ကိုယ့်ဟာကို သိတယ်မလား သိရက်နဲ့ အခုငါ့ကိုအရှက်မရှိဆွဲဆောင်နေတာလား"
မျက်နှာကိုထိပါးလာတော့မဲ့ လက်တွေကိုရိုက်ချချင်ခဲ့ပေမဲ့ လက်တွေက ရုန်းလို့မရအောင် သူ ဖိထားသည်။
လာမထိနဲ့ မကြိုက်ဘူး ...
ပါးတွေဆီရောက်တော့မဲ့ လက်တွေကြောင့် မျက်စိ စုံမှိတ်ချလိုက်ကာ တွေးမိသည်က တစ်ယောက်ထဲသောသူ
YOU ARE READING
အနှောင်အဖွဲ့//အေနွာင္အဖြဲ႔//Jikook/
Fanfictionအဆုံးသတ်ဖို့ခက်နေကြတဲ့ဒီဇာတ်လမ်းမှာ....