Part 4(Uni&Z)

444 69 7
                                    

Unicode

"ပြန်​ရောက်ပြီလား "

ဟင်!
ဒါ အ​ဖေ့အသံမဟုတ်လား။ဘယ်လိုဖြစ်ပြီး
ဒီ​နေ့ အ​စောကြီးပြန်​ရောက်​နေတာလဲ။

"ဟုတ် ပြန်​ရောက်ပါပြီ"

"Driverဦး​လေးကြီးကို အချိန်ပိုရှိလို့​နောက်ကျမယ်​ပြောပြီး ပြန်လွှတ်လိုက်တာဆို!"

အ​ဖေ့ရဲ့ အဲ့ဒီ​လေသံ​တွေကို​ကြောက်တယ်။
ဘာမှန်းမသိ ဆူချင်​နေ​တော့တာပဲ။
​ရောဂါသည်မို့ အလိုလိုက်ထား​ပေမဲ့
တခါတ​လေကျရင် ဒီလို​တွေ ​ပြောတတ်တာ
အ​ဖေ့အကျင့်ပင်ဖြစ်သည်။

"​​ ငါသိပြီးပြီ အချိန်ပိုမရှိဘူးဆိုတာ"

ဂျီမင်းဘာပြန်​ဖြေရမလဲမသိ​​တော့။ အ​ဖေတစ်နည်းမဟုတ်တစ်နည်းနဲ့သိမယ်ဆိုတာသိ​ပေမဲ့ ခုလိုကြီးမြန်မြန်သိမယ်လို့​တော့မထင်ထား ခုပဲအိမ်ပြန်​ရောက်တာကို လိမ်ထားတဲ့ကိစ္စမိ​ရောပဲ။

"​မေး​နေတယ်​​လေ!"

"ကျွန်​တော်ပဲ ဂျီမင်ကို အဲ့လို​ပြောခိုင်းလိုက်တာ"

စက်ဘီးကို သူ့အ​ဆောင်​ဘေးနားမှာ သိမ်းပြီး အိမ်ကြီးထဲဝင်လာရင်းဝင်​ပြောလာသူက ​ဂျောင်ဂု။

ဂျီမင်သည် အိမ်​ပေါ်လဲမတက်ရ​သေး အိမ်လည်​ခေါင်ကြီးမှာ ဒီတိုင်းကြီးရပ်လျက် ကျွန်​တော့်ကို ကြည့်သည်။ ဂျီမင်က ကိစ္စတစ်ခုခုဆို လုပ်ပဲလုပ်တတ်တာ ပြီးရင်​ဖြေရှင်းမတတ်ဘူး​လေ။အဲ့​တော့ ဝင်ပါရသူက ကျွန်​တော်။

"ထင်​တော့ထင်သားပဲ မင်​​လေးက လိမ်​ပြောစရာအ​ကြောင်းမရှိဘူးဆိုတာ လက်စသတ်​တော့ မင်းလက်ချက်ကို"

"မဟုတ်ဘူးအ​ဖေ ကျွန်​တော်ပဲ​ပြောတာ ကျွန်​တော်ပဲ driverဦး​လေးကြီးကို ပြန်ခိုင်းလိုက်တာ ​ဂျောင်ဂုမသိတဲ့ကိစ္စပါ"

အသဲအသန်ဝင်​ဖြေရှင်း​ပေး​နေ​ပေမဲ့
အသံ​လေး​တွေတုန်​နေတာ သတိထားမိပါသည်။

"ဂျီမင်း အ​ပေါ်တက်​တော့ ဘာမှမဖြစ်ဘူး"

​ဂျောင်ဂုသည် ဂျီမင်းအား သွား​တော့ဖို့မျက်စပစ်ပြ​လျှင်

အ​နှောင်အဖွဲ့//အနှောင်အဖွဲ့//Jikook/Where stories live. Discover now