အခန်း - ( ၄ )【 U 】

1.4K 196 8
                                        

တစ်ဘဝလုံးသူ့ဆီပုံအပ်ထားလုနီးပါး။ 』

__________________________________

" .... Evil ? "

အသံလုံမှန်ခန်းထဲသို့ IAC မှလေးဦးသားဝင်လာခဲ့ကြပြီးနောက် ၊ မိုက်ခရိုဖုန်းအားချိန်ညှိနေစဉ် Sniper မှမေးလာခဲ့၏။

" အဆင်ပြေရဲ့လား ? "

အသင်း၏စကားပြောခန်းထဲတွင်ရှစ်လော့မှာလေသံထိုင်းထိုင်းဖြင့်ပြောလာခဲ့သည် : " အဆင်ပြေတယ်။ "

ကျန်အသင်းဖော်သုံးဦးတို့မှာ ရှစ်လော့အားကြည့်လာကြပြီး ၊ ထိုလူမှာအနည်းငယ်မျှပင် “ အဆင်ပြေ ”ပုံမပေါ်ပါပေ။
စင်္ကြံလမ်းထက်၌ယွီဆွေ့အားမြင်ချိန်မှစ၍ရှစ်လော့မှာအခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီး ၊ သူ၏မျက်နှာပြင်မှာ ဖြူဖျော့နေလျက် ပုံစံမှာလည်းကွဲပြားလို့နေကာအသေအချာအာရုံထားကြည့်ပါက သူ၏လက်များပင်တုန်ရီနေကြောင်းတွေ့နိုင်ပေ၏။

ယခုလေးတွင်ပင် ကီးဘုတ်အားတပ်ဆင်နေချိန်၌ ၊ ရှစ်လော့မှာ လက်တုန်ရီနေ​ခြင်းကြောင့်ထိုအရာအားတပ်ရန်အကြိမ်များစွာကြိုးစားနေရကြောင်း အသင်းသားများအနေနှင့်သတိထားလိုက်မိသည်။
ရှစ်လော့အနားမှ Medic လေးမှာရှစ်လော့သည်အားမာန်နှင့်ထိုးတပ်နေရင်း USB မျက်နှာပြင်အားဖျက်ဆီးပစ်လိုက်တော့လေမလားဟုပင် ကြောက်လန့်နေရ၏။

ယခုရှစ်လော့၏ပုံစံမှာ ပုံမှန်နှင့်လွန်စွာပင်ခြားနားနေလျက် ၊ အသင်း၏ Sniper သည်ပွဲမစခင်လေထုတင်းမာနေမှုအားလျှော့ချရန်ကြိုးပမ်းလိုက်သော်လည်းအပြောသိပ်မတတ်ခဲ့ပေရာ မပြောသင့်သည်အားပြောမိတော့သည်။

" အခုလေးတင် အဲ့ဒါက တစ်ကယ် Whisper ပဲနော်! ဝါး သူတစ်ကယ်အများကြီးပြောင်းသွားတာပဲ! ကျွန်တော်လည်းသူ့ပရိတ်သတ်တစ်ဝက်လောက်လို့ဖြစ်တယ်လို့ပြောလို့ရပေမယ့် မမှတ်မိခဲ့မိဘူး ၊ ရှစ်ကောမျက်လုံးကတော့တစ်ကယ်ကောင်းတာပဲဗျာ။ "

အသင်း၏ Medic မှာ Sniper သမားအားထိတ်လန့်စွာကြည့်လိုက်မိကာ ၊ အခြေအနေအားပိုမိုကောင်းရန်ပြုပြင်ဖို့ကြိုးပမ်းရတော့သည် ။

မြူအုပ် || ဘာသာပြန်Where stories live. Discover now