『 သူ့ရဲ့အကောင့်ကမသန့်ရှင်းတော့ဘူးပဲ!ညစ်ထေးနေပြီ!!!』
_________________________________
ရှစ်လော့၏ထုတ်လွှင့်ခန်းမှယွီဆွေ့အသံထွက်လာလေရာ ၊ ရှစ်လော့၏ထုတ်လွှင့်ခန်းတစ်ခုလုံးပေါက်ကွဲထွက်သွားလျက်။
【 ငိုနေပါပြီ ၊ ဒီဘဝမယ် Evil ရဲ့ထုတ်လွှင့်ခန်းကနေယွီရှန်းအသံကိုတကယ်ကြီးကြားခဲ့ရတယ် .... လွန်ခဲ့နှစ်လလောက်ကဆိုရင်ငါ့ကိုသတ်သွားရင်တောင်ယုံမိမှာမဟုတ်ဘူးပဲ။ 】
【 ရှစ်ရှန်းရဲ့ထုတ်လွှင့်မှုကိုကြည့်ဖို့ဆိုရင် ၊ ဘဝရဲ့အတက်အကျတွေကိုကြံ့ကြံ့ခံနိုင်ဖို့နှလုံးကောင်းမှပဲရမယ် .... 】
【 ငါတို့ကိုခြောက်လိုက်ရတော့ပျော်သွားလားပျော်သွားလားပျော်သွားလား ?】
【 ဒီအသင်းရဲ့ပရိတ်သတ်ဖြစ်ရတာငါ့မှာပူပန်နေတာချည်းပဲ .... 】
【 ဒီအသင်းရဲ့ပရိတ်သတ်ဖြစ်နိုင်ဖို့တကယ်ခက်တယ် ၊ Medic နဲ့ Striker တို့သဘောထားမတိုက်ဆိုင်ဖြစ်ကြမှာကိုနေ့ရှိသရွေ့ပူပန်နေရတယ်။ 】
【 မင်းတို့ထုတ်လွှင့်မှုကိုကြည့်တာကစားတာကြည့်ဖို့မဟုတ်ဘူးလားကွာ ?ပရိတ်သတ်တွေကလည်းကိစ္စတိုင်းကိုနေ့တိုင်းလိုက်စိတ်ပူနေကြတော့တာပဲ။ 】
【 ကစားတာကြည့်ဖို့ပါပဲ ၊ ဒါပေမဲ့အသင်းသားအချင်းချင်းသဟဇာတဖြစ်ဖို့မျှော်လင့်တာလေးတောင်မရဘူးလား ?】
【 ငါတို့ပရိတ်သတ်လုပ်နေတဲ့အသင်းကိုငါတို့စိတ်ပူမိတာမှားသလား ?】
【 ပရိတ်သတ်တွေထိရှလွယ်တဲ့အပေါ်အပြစ်မတင်မိဘူး ၊ Whisper ရဲ့အသင်းကမတော်တဆကိစ္စတွေဖြစ်လွယ်လွန်းတယ်။ ငါ့ယွီရှန်းအသင်းကကံသိပ်ကောင်းတာမဟုတ်ဘူး။ 】
【 ပရိတ်သတ်တွေထိရှလွယ်တဲ့အပေါ်အပြစ်မတင်မိဘူး +1 】
【 ပရိတ်သတ်တွေထိရှလွယ်တဲ့အပေါ်အပြစ်မတင်မိဘူး +2 ဒီလူတွေရဲ့အရင်အသင်း FS ကိုကကံမကောင်းတာ ၊ ငါ့မှာနေ့တိုင်းမတော်တဆလေးတစ်ခုကြောင့်နဲ့အဖွဲ့ပြိုကွဲသွားနိုင်တာကိုတွေးတွေးပြီးမိနစ်တိုင်းစိတ်ပူနေရတယ်။ 】
ESTÁS LEYENDO
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။
