『 ကျွန်တော်သွားမယ်။ 』
__________________________________
နောက်ရက်အနည်းငယ်ကြာသည့်တိုင်ရှစ်လော့နှင့်ဝါ့ဝါ့တို့၏အသင်းဖွဲ့သည့်ထုတ်လွှင့်ခြင်းမှာဖိုရမ်များထက်သွေးများဖြင့်ဖုံးလွှမ်းသွားလျက် ၊ အတိတ်မှဖြစ်ရပ်များအားတဖန်ပြန်လည်ဆွဲထုတ်တူးဖော်လာကြကာ ယွီဆွေ့ပရိတ်သတ် ၊ ရှစ်လော့ပရိတ်သတ် ၊ ယွီဆွေ့မုန်းတီးသူ ၊ ရှစ်လော့မုန်းတီသူတို့မှာစုပေါင်းငြင်းခုန်ရန်ဖြစ်ကြတော့သည်။
ရှစ်လော့မှာလေ့ကျင့်ရေးအတွင်းဖိုရမ်အားကြည့်နေသည်ကိုကျောက်ဖုန်းတွေ့သွားပြီးနောက် ၊ အလျင်အမြန်ပင် လာရောက်တားဆီးတော့၏။
" အချိန်ရှိတုန်းလေးကစားနေရင်ဘာမကောင်းတာရှိလို့လဲ ၊ အဲ့ဒါကိုမင်းကဘာလို့ဖိုရမ်ကိုကြည့်နေရတာလဲ ? အသက်ရှင်ရတာကြာနေပြီလို့တွေးနေတာလား ? "
" ကျွန်တော်အပြောဆိုခံရတာကို မကြောက်ပါဘူး။ "
ရှစ်လော့သည် ဖိုရမ်အားဖြည်းဖြည်းချင်းကြည့်ရင်း -
" ကျွန်တော်အဲ့လိုပုတ်ခတ်ကျိန်ဆဲခံနေရတာလည်းဟိုအရင်တည်းကပဲ ၊ နေသားကျနေပြီ။ "
ကျောက်ဖုန်းမှာ ရယ်ရခက် ၊ ငိုရခက်ဖြစ်သွားရကာ :
" မင်းဒီလိုစိတ်ကောင်းမျိုးထားနိုင်တာလည်းကောင်းသားပဲ ၊ ဟုတ်သားငါမင်းကိုပြောစရာရှိသေးတယ်။ "
ကျောက်ဖုန်းသည် လေ့ကျင့်ရေးခန်းထဲမှအခြားလူများအားလှမ်းကြည့်လိုက်အားမြင်တော့ရှစ်လော့မှာနားလည်သွားပြီး ၊ ကီးဘုတ်အားဖယ်ကာကျောက်ဖုန်းနောက်မှ ထလိုက်သွားသည်။
သူတို့နှစ်ဦးမှာဘေးရှိအစည်းဝေးခန်းသို့ဝင်သွားကြပြီး ၊ ရှစ်လော့သည်ခုံဆွဲပြီးဝင်ထိုင်လိုက်ကာဘောင်းဘီအိတ်ကပ်ထဲလက်ထည့်လျက်ခြေထောက်များအားစားပွဲပေါ်တင်လိုက်ပြီး : " တိုက်ရိုက်ထုတ်လွှင့်တဲ့အကြောင်းပဲလား ? နောက်ထပ်နာရီတွေထပ်ပေါင်းထည့်ရမယ်ဆိုရင်တော့မရဘူးနော် ၊ တစ်လကိုနာရီ ၃၀ ကအလွန်ဆုံးပဲ။ "
YOU ARE READING
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။
