『 လွန်ခဲ့တဲ့နှစ်နှစ်အမှာအခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ကြရပေမဲ့ ၊ အခုအချိန်အထိမပြောင်းမလဲရှိနေပေးကြလို့ကျေးဇူးတင်ပါတယ်။ 』
__________________________________
ယွီဆွေ့သည်တံခါးဖွင့်သံကြားလိုက်ရာမျက်ဝန်းတို့ပွင့်ဟလာပြီး စင်္ကြံလမ်းမှာကားနှစ်မီတာမျှပင်မကျယ်ဝန်းသောကြောင့် ၊ နှစ်ဦးသားမှာမျက်နှာချင်းရှိနေကာ ရှစ်လော့၏လည်စေ့သည်လှုပ်ရှားသွားရလျက်။
" ခင်ဗျား ... "
ယွီဆွေ့သည်သူ၏မျက်ခုံးတို့ကြားကိုညှစ်လိုက်ပြီး -
" အားနာပါတယ် ၊ အရမ်းအိပ်ချင်နေလို့။ ဒါမင်းကိုပေးမလို့။ "
ထို့နောက်သူသည်မတ်မတ်ရပ်လိုက်ကာဘောင်းဘီထဲမှအခန်းကတ်ကိုထုတ်ယူလိုက်လျက် -
" မင်းအခန်းသော့ကတော့မင်းအိပ်ယာဘေးကစားပွဲမှာရှိတယ် ၊ သန့်ရှင်းရေးအန်တီကညနေငါးနာရီတိုင်းလာလေ့ရှိတယ်။ မင်းတံခါးလော့ချထားမယ်ဆိုလို့ရှိရင်တော့ ၊ အဲ့အချိန်ကျသူမအတွက်တံခါးဖွင့်ပေးထားဖို့သတိထားလိုက်ပါ။ ဌာနချုပ်ကယာဉ်မောင်းက ၂၄နာရီတာဝန်ကျတဲ့သူမဟုတ်ဘူး ၊ ပြီးရင်ကျိုးဟော်ကသူ့ဖုန်းနံပါတ်ကိုမင်းဆီပို့ပေးလိမ့်မယ်။ မင်းကားလိုတဲ့အခါကျသူ့ကိုခေါ်လိုက်လို့ဖြစ်တယ် ၊ မင်းအရေးကြီးကိစ္စရှိလို့သူ့ကိုလည်းခေါ်လို့မရနေတဲ့အချိန်မှာဆိုရင်ဌာနချုပ်ကဝန်ထမ်းတစ်ယာက်ယောက်ကိုခေါ်လိုက်လို့ရတယ်။ သူတို့အားလုံးကယာဉ်မောင်းလိုင်စင်ရှိတဲ့သူတွေချည်းပဲ ၊ အဲ့ဒီထဲ ... "
ယွီဆွေ့သည်ရပ်တန့်သွားပြီးမှ ၊ ရှစ်လော့လက်ထဲသို့အခန်းကတ်ထည့်ပေးလျက်ဆက်ဆိုလာသည် : " အဲ့ဒီထဲကိုယ်လည်းအပါအဝင်ပေါ့။ "
ရှစ်လော့သည်နှုတ်ခမ်းသားတို့မှာအနည်းငယ်မျှလှုပ်ရှားသွားရပြီးသူတွေးလိုက်မိသည်မှာကား ၊ သူဌေးကငါ့ယာဉ်မောင်းဖြစ်ပေးမယ်ဆိုတာက သင့်လျော်ရဲ့လား ?
ထို့နောက်သူသည်အခန်းကတ်ကိုယူလိုက်ပြီး ၊ တိုးညှင်းလှစွာဖြင့် -
YOU ARE READING
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။
