Ep-1

4K 237 6
                                    

ဒီနေ့က ဆောနူ ENHYPEN အဖွဲ့ဝင်အနေနဲ့
ပွဲဦိးထွက်တာ သုံးနှစ်ပြည့်နေ့ ။

နှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့ ဖန်တွေနှင့်လည်း
liveရှိ‌သည်မို့ ဒီနေ့တော့ သူ့ကိုရှောင်ဖို့မဖြစ်နိုင်တော့။

Ringing.....

ဖုန်းမြည်သံကြား၍ထင်သည်၊ ရှေ့ခုံမှာထိုင်နေတဲ့ မန်နေဂျာက ဆောနူဆီလှည့်ကြည့်လာသည်၊

"အင်း ဂျောင်းဝန်း"



"......"




"ခဏနေရင်ရောက်တော့မယ် ဂျောင်းဝန်းနား"

"......."


"အင်း အင်း "

ဂျောင်းဝန်းဆီ ဒီနေ့Dormကိုပြန်လာမယ်လို့ မနေ့တည်းက စာပို့ထားပေမယ့် သူလည်းစိတ်ပူနေပုံပါပဲ။

Dormကနေ အိမ်ပြန်မလာခင်က
ဆောနူအငိုမရပ်ပဲ အိမ်ပြန်ခွင့်တောင်းခဲ့မိတာက မန်ဘာတွေနဲ့ မန်နေဂျာအကို ကို စိတ်ပူစေခဲ့မိတဲ့အချက်ဖြစ်မယ်ထင်ပါတယ်။

သူကရော? စိတ်ပူနေလောက်လား...၊
အမြဲကိုယ့်အ​​ပေါ် ဂရုတစိုက်ရှိပေးနေတဲ့ သူ့အပေါ်
ခံစားချက်တွေစည်းကျော်ခဲ့မိတာ ကိုယ့်ဘက်ကပေမယ့်၊
သူ့ဘက်ကတော့

"မင်းကို ချစ်ဖို့ကောင်းတဲ့ညီလေးတစ်ယောက်အပြင်
မမြင်ဘူး..ဆောနူ" လို့ ထုတ်ပြောလာခဲ့ပီးပီလေ။

ရှက်ဖို့ကောင်းလိုက်တာ ကင်ဆောနူရယ်!

သုံးနှစ်နီးပါး ထုပ်ပိုးသိမ်းဆည်းထားတဲ့ ခံစားချက်တွေကို
ခဏလေးအတွင်း
ဖြည်ချခံရပီး ရှေ့ဆက်မတိုးဖို့ပါ
သတိပေးခံခဲ့ရတဲ့ အဲ့ဒီနေ့.....။

ဆောနူဖုန်းကိုpocketထဲထည့်ကာ မျက်လုံးအစုံမှိတ်၍ ကားနောက်မှီဆီသို့ ခန္ဓာကိုယ်ကို မှီချရင်း စိတ်အစုံက လွန်ခဲ့သော ငါးရက်မြောက်နေ့သို့.....။

အာ့နေ့က ဆောနူသာ သိမ်းနေကျဒိုင်ယာရီစာအုပ်ကို
မမေ့မလျော့သိမ်းဆည်းမိရင် ..

အမြဲ scheduleရှိလို့ပင်ပန်းလာတဲ့နေ့ဆို ..

"ဆောနူကိုယ်သင်းနံ့က ကိုယ့်ကိုမြန်မြန်
အိပ်ပျော်စေတယ်"ဆိုပီး

 HIMDonde viven las historias. Descúbrelo ahora