Ep-17'

2K 169 24
                                    

"ကိုယ့်မျက်လုံးတွေကိုကြည့်!"

ဆောနူလည်တိုင်ဆီ ခပ်ဖွဖွပွတ်သပ်နေတဲ့သူ့လက်ဖဝါးရဲ့အထိအတွေ့ရယ်၊ ပြီးတော့ မျက်ဝန်းအိမ်ရဲ့ အနက်ရှိုက်ဆုံးထိဖောက်ထွက်လုမတတ် စိုက်ကြည့်နေတဲ့ သူ့အကြည့်စူးစူးတွေကြောင့် ဗီရိုကိုမှီကာရပ်နေရပေမယ့် ဒူးအစုံဟာခွေကျလုခါနီး။ ဒါကိုရိပ်မိသူက ဆောနူလက်အစုံကိုဆွဲယူကာ သူ့လည်တိုင်မှာ ယှက်တွယ်စေသည်....။

"ကိုကို..."

"အဟွန်း~"

နှုတ်ခမ်းတွေတွန့်ကွေးကာ ရယ်လိုက်သည့်သူ။

ဆောနူသိသည်။ ဒါ သူဆောနူကို လှောင်ရယ်ရယ်တာ! ခုချိန်ဆောနူမျက်နှာက ရှက်စိတ်ကြောင့် နီရဲပီးပေါက်ထွက်မတတ်ဖြစ်နေတာကိုသူရယ်တာ..၊ အမြဲ ဆောနူကိုမရှက်ရှက်အောင် ချောင်ပိတ်ပီး
သူ့စိတ်ကြိုက်ပြုမူပီးတိုင်း ဒီလိုအပြုအမူမျိုးကို သူတုံ့ပြန်နေကြ..။

"ဆောနူ.."

"ဟုက်..."

"အခု ဘယ်လိုခံစားရလဲ..... "

လည်တိုင်ကိုပွတ်သပ်နေရာမှ မိမိနားသယ်စကိုနမ်းရှိုက်ရင်း နားရွက်ဖျားကိုခပ်ဆဆကိုက်ကာမေးလာလျှင် ဆောနူခေါင်းကိုငုံ့ချလိုက်မိ၏။
သူ.. ဘာကိုဖြေစေချင်နေတာလဲ! ခုလိုအခြေအနေအစား ဆောနူအပေါ် ဒေါသတွေပဲပုံချလိုက်ပါတော့လား။

"....."

"မျက်နှာကိုမော့ထား!"

"ဟို...ကျွန်တော်--"

တောက်!!

ဒေါသပုံချခံရဖို့စိတ်ကိုပြင်ဆင်ထားမိပေမယ့် သူတကယ်ဒေါသထွက်ဟန်ပြလာတော့ ထိတ်လန့်မိတာလည်း ဆောနူကိုယ်တိုင်ပဲ။
တက်ခေါက်သံပြင်းပြင်း ထွက်လာပီးနောက် ဆောနူရဲ့ shirtကြယ်သီးတွေဆီလက်လှမ်းလာသူကြောင့် ကြံရာမရစွာ ၊
သူ့ရဲ့ ဗလာကျင်းနေသည့် ရင်အုပ်ကျယ်ဆီသို့သာ မိမိမျက်နှာကိုအပ်လိုက်မိသည်။လက်နှစ်ဖက်ကိုလည်း သူ့ရဲ့အဖုအထစ်ကြွက်သားတွေရှိနေသည့် ဗိုက်သားပြင်မှတစ်ဆင့် ခါးအထက်ကို ရစ်သိုင်းလိုက်မိ၏။

မသိတော့ဘူး...ဘာလုပ်သင့်လဲဆိုတာကို!

"အဲ့ဒါ ဘာလုပ်တာလဲ"

 HIMWhere stories live. Discover now