24

1.7K 141 36
                                    

"ဟျောင်းက ရှေ့ဆက်ဘယ်လိုလုပ်ဖို့စဥ်းစားထားတာလဲ"

"ဆောနူသာလက်ခံမယ်ဆိုရင်ငါ့ဘက်ကသူနဲ့တွဲနေတာကို အကုန်လုံးသိအောင်ချပြဖို့တွေးထားတယ်၊ ခုလက်ရှိထွက်နေတဲ့သတင်းကိုလည်း မှန်တယ်ဆိုတဲ့အကြောင်းကုမ္ပဏီဘက်ကထုတ်ပြန်ပေးဖို့ငါပြောထားပီးသား"

"ကုမ္ပဏီဘက်က လက်ခံတယ်ပေါ့"

"ငါ့ကိုယ်ရေးကိုယ်တာကိစ္စပဲလေ ၊ သူတို့ဝင်ရှုပ်လို့ရမတဲ့လား.."

ဆုံးဖြတ်ချက်ချထားပီးပုံရတဲ့ဆောင်းဟွန်းဟျောင်းကိုကြည့်ပီး ဂျောင်ဝန်းလည်းကောင်းသည်၊ဆိုးသည်မပြောနိုင်တော့..။ လူနှစ်ယောက်ချစ်ကြတဲ့ကိစ္စမှာသူ့အနေနဲ့ဝေဖန်ဖို့ရာလည်းခက်ခဲသည်မဟုက်ပါလား..။ပြီးတော့ ခုကိစ္စရဲ့ကာယကံရှင်နှစ်ယောက်လုံးက အကိုအရင်းလိုသံယောဇဥ်ရှိရတဲ့သူတွေ။

"ဟျောင်းဘက်ကဆုံးဖြတ်ချက်ချပီးမှတော့ အကုန်အဆင်ပြေဖို့ပဲမျှော်လင့်မိတယ်၊ ဟျောင်းယောကျ်ားလေးနဲ့တွဲနေတယ်ဆိုတာကို Confirmလိုက်ရင် အဖွဲ့အတွက်ရော၊ဟျောင်းအတွက်ရောရိုက်ခတ်မှုတွေရှိလာနိုင်တာမို့ ကျွန်တော်တို့အဲ့ဒီအတွက်စိတ်ပြင်ဆင်ထားကြတာပေါ့..၊ ဒါမျိုးpersonalကိစ္စတွေကလူစိတ်ဝင်စားလည်း ခဏပါပဲ..ဟျောင်းရဲ့solo albumအတွက်သာစိုးရိမ်မိတာ"

"ငါ့အတွက်တော့မစိုးရိမ်နဲ့၊ ငါ့ကြောင့်အဖွဲ့နာမည်ထိခိုက်လာခဲ့ရင်ပဲ အားလုံးကိုကြိုပီးတောင်းပန်ထားချင်တယ်..၊ ပြီးတော့ တွဲနေတဲ့ကိစ္စကိုကြိုပီးပြောပြမထားမိတာကိုရော"

"ငါ့အကူအညီလိုအပ်တာရှိရင်သာ အချိန်မရွေးပြောပါ..၊အခု ငါကိစ္စလေးရှိလို့အရင်ပြန်နှင့်ဦးမယ်"

ဆောင်းဟွန်းပြောပြသမျှကို တိတ်တိတ်ဆိတ်ဆိတ်ပဲနားထောင်နေကာ တစ်ခွန်းတစ်ဝါကျမှမ ပြောလာတဲ့ဟီဆွန်းဟျောင်းက အလျင်လိုဟန်နှင့်ထထွက်သွား၏။ ဂျောင်ဝန်းကိုကြည့်လိုက်တော့လည်း ဆိုဖာနောက်မှီမှာ ခေါင်းပစ်မှီ၍ဂျေးနဲ့စကားပြောနေသည်။

သူယောကျ်ားလေးတစ်ယောက်နဲ့တွဲနေတဲ့အပေါ် တုံ့ပြန်မှုတွေကသာမန်လိုပဲဖြစ်နေကြသည်မို့ ဆောင်းဟွန်းစိတ်ထဲရှိနေသည့်တင်းအားတစ်ချို့ကို ဖြေလျော့ပီးသွားသလိုခံစားရတယ်..။ scheduleရှိလို့မလာနိုင်တဲ့ဂျိတ်နဲ့နီခီကလည်း သူ့ကိုအပြည့်အဝနားလည်ပေးလောက်မှာပါ..။ ဒီလိုဆိုတော့ သူ့မှာရှင်းစရာကိစ္စတွေကို အတိအလင်းရှင်းပီးပီလို့ဆိုရင်တောင်ရမည်။ ဆောနူကို သူ့ဘဝထဲသွင်းဖို့ပဲ ကျန်တော့သည်မဟုက်ပါလား.....။




 HIMWhere stories live. Discover now