Ep-3

2.1K 207 7
                                    

" ဆောနူဟျောင်း အခန်းမပြန်တော့ဘူးလား"

"........."

"ဟျောင်းလို့!"

ဂျောင်းဝန်းသူဘယ်လိုခေါ်ခေါ် မလှုပ်တဲ့သူ့အိပ်ယာပေါ်မှာ ပန်ဒါကောင်လေးလို ခေါင်းအုံးဖက်ပီးထိုင်နေတဲ့
ဆောနူဟျောင်းကို ..ဘယ်လိုနှင်ရမလဲမသိတော့ပါ။
ဒီနေ့လည်းသူနဲ့အတူအိပ်ဦးမယ်ဆိုတာအသေအချာပင်။

ခုထိဆောင်းဟွန်းဟျောင်းကို စိတ်ကောက်နေတာ
မ‌ပြေသေးတဲ့ပုံပါ!
ဘာပြဿနာတတ်ကြတာလဲဆိုတာလည်း ခုထိ
နှစ်ယောက်လုံးကမေးမရတော့ ဝင်ဖြေရှင်းပေးဖို့
ခက်နေသည်လေ။

စိတ်ကောက်ရင် စိတ်ပြေတာမြန်တဲ့သူက ဒီခါတော့
သူနဲ့မတူစွာ တစ်လကျော်တောင်ရှိတော့မည် ၊
ခုထိ ဆောင်းဟွန်းဟျောင်းကို
သိသိသာသာရှောင်နေတာသာကြည့်!

ဆောင်းဟွန်းဟျောင်းကလည်း
ချော့ပြောရင်ရတဲ့သူကို ချော့တဲ့ပုံစံမတွေ့ရ...။
ဂျောင်းဝန်းမြင်သလောက်တော့
ပိုပီးစိတ်ဆိုးအောင်လုပ်နေသည့် အနေအထား‌‌တွေချည်းပင်။

ဒီနေ့လည်း ဂျောင်းဝန်းတို့ music show ပီးလို့
အကုန်Dormပြန်လာကြပေမယ့် ‌ဆောင်းဟွန်းဟျောင်းက
MCတာဝန်ကျသည်မို့ ကျန်ခဲ့၏

ဆောင်းဟွန်းဟျောင်းပြန်လာရင် သေချာပေါက် ‌
သူ့အခန်းလာအိပ်မှာသိတဲ့ ဆောနူဟျောင်းက
ရေအပြေးအလွှားချိုးပီး
သူ့အခန်းလာသောင်တင်နေတာသာကြည့်!!

မတည့်တာလည်း သူတို့။
အတူမရှိပဲမနေနိုင်တဲ့ ဆောင်းဟွန်းဟျောင်းဆိုသည်မှာလည်း
ချော့လိုက်ပါတော့လား ဒီကောက်ကွေးကို ...

ပင်ပန်းတဲ့နေ့ဆို ဆောနူဟျောင်းကိုယ်သင်းနံ့နဲ့မှ
အိပ်ပျော်တယ်ဆိုတဲ့ သူ့ရဲ့ထူးထူးဆန်းဆန်းအကျင့်ကြောင့်
‌ဆောနူဟျောင်းနှင့်အတူအိပ်လေ့ရှိတဲ့
အငယ်ဆုံးနီခီက နေရာဖယ်ပေးလိုက်ရသည်လေ။

မန်ဘာတွေစကားဆို အမြဲနားထောင်တတ်တဲ့
ဆောနူဟျောင်းက ဆောင်းဟွန်းဟျောင်းစကားဆို
ပိုပီးနားထောင်တတ်လေ့ရှိတာ မန်ဘာတိုင်းအသိပင်။

ဂျောင်းဝန်းလည်း သူတို့နှစ်ယောက်ကို
အမြန်အဆင်ပြေစေချင်သည်။
.......
..........
အခန်းအပြင်ကနေ တံခါးဟရုံပဲဖွင့်ကာ ခေါင်းတိုးဝင်ပီး
အထဲကြည့်လာတဲ့ ဂျေးဟျောင်းကို ဂျောင်းဝန်းအိပ်ယာပေါ်လှဲနေရာကနေ ကြည့်လိုက်လျှင် ဆောနူဟျောင်းကို ကြည့်၍ မေးဆတ်ပြသည်မို့ ဆောင်းဟွန်းဟျောင်းပြန်လာပီမှန်း
ရိပ်မိလိုက်သည်။

 HIMDonde viven las historias. Descúbrelo ahora