Part-1

372 25 2
                                    

#Unicoad

ခုဆိုရင် ကျွန်တော့် အသက်က 11နှစ် ငယ်ငယ် တည်းက မိဘတွေ ကွယ်လွန်သွားပြီမို့ ဦးလေးဖြစ်သူရဲ့ စောင့်ရှောက်မှုအောက်မှာ နေခဲ့ရတယ် အရာအားလုံးက မနေ့တစ်နေ့ကလိုဘဲ မြို့ငယ်လေးမှာ နေသူမို့ ဆောနူးရဲ့ မိဘတွေက မြို့မျက်နှာဖုံး

အဲ့နေ့က အရမ်းကိုသာယာတဲ့နေ့လေးပေါ့ တစ်ပတ်လုံးမှာ တနင်္ဂနွေနေ့လေးမို့ Daddy ရဲ့ ရုံးပိတ်ရက် တိုက်တိုက်ဆိုင်ဆိုင်ဘဲ အဲ့နေ့က ရိုးရာ တရုတ်ပြဇာတ် အဖွဲ့က ကျွန်တော်တို့ မြို့ရဲ့ အားကွင်းမှာ လုပ်မှာတဲ့ ကျွန်တော်သာ အဲ့နေ့က အဲ့ကိုသွားဖို့ မပူစာခဲ့ရင် ကျွန်တော့မိဘတွေ စောစော ကျွန်တော့်ကို စွန့်ပစ်သွားမှာ မဟုတ်ဘူး

အတွေးတွေကို ရပ်တန့်သွားစေတဲ့ ဦးလေးဂျွန်ရဲ့ ခေါ်သံကြောင့် လက်ရှိ ပစ္စုပ္ပန် ကိုပြန်ရောက်လာခဲ့တယ်

"သား ဆောနူး သခင်ကြီးခေါ်နေတယ်"

"ဟုတ်ကဲ့ ဦးလေးဂျွန် ဒါတွေ သားပြန်လာမှ လုပ်လိုက်မယ်နော်"

"ဟုတ်ပါပြီ သားလေး"

အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းတယ် ဘာလို့များ ဦးလေးရဲ့တူလေးမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရတာပါလိမ့်

ခြံအကျယ်ကြီးကိုမှ အလယ်တည့်တည့်မှာ ခမ်းနားထည်ဝါစွာ တည်ရှိနေတဲ့ အိမ်ကြီးကို ကျွန်တော် အသက် 8နှစ်မှာ စရောက်ခဲ့တယ်

Daddy ရဲ့ ပစ္စည်းဥစ္စာတွေကို အတူလုပ်ဖော်ကိုင်ဖက်တွေက တစ်ယောက်တည်းသာ ကျန်ရှိခဲ့တဲ့ ကျွန်တော့် မျက်နှာကိုမှ မထောက် လိမ်ညာသွားခဲ့တယ် နေစရာနေရာမရှိတဲ့အဆုံး အသိဦးလေးကြီးဂျွန်ရဲ့ သနားမှုကြောင့် မြို့မြို့တက်ပြီး သူအခုလုပ်နေတဲ့ အိမ်ကြီးစီကို ရောက်လာတာဘဲ

ဒေါက်ဒေါက်ဒေါက်💢💢

"ကျွန်တော် ဆောနူး ရောက်ပါပြီ သခင်ကြီး"

"တံခါးဖွင့်ထားတယ် ဝင်ခဲ့"

ကျွန်တော်စရောက်ကတည်းက သွေးသားအရင်းတစ်ယောက်လို ချစ်ပေးခဲ့တယ် ကျောင်းကိုလည်း ကျောင်းကိုလည်းဆက်တက်ခွင့်ပေးခဲ့တယ် အဖေရင်းမဟုတ်ပင်မယ့် ချစ်ကြောက်ရိုသေရတဲ့ အိမ်ကြီးရဲ့ အရှင်သခင်ပေါ့

"မောင်"Where stories live. Discover now