#Unicoad
ဟန်းမြစ်ဘေးက စားသောက်ဆိုင်အကြီးကြီး
ဒီနေရာမှာ နီခီ့နဲ့ စတွေ့ခဲ့တာ ခုလည်းသူမှတ်မိမယ်ထင်လို့ ဒီနေရာကို ချိန်းဆိုလိုက်ခြင်း"ဟန်နာ့ ရောက်တာကြာပြီလား"
"မကြာသေးပါဘူးဟယ် နင်တို့တောင် ပြောင်းလည်းသွားတယ်နော်"
"ဒါပေါ့ မပြောင်းလည်တာ တစ်ခုရှိတယ်"
"ခုချိန်ထိ ပျိုမေတွေနှင်းဆီခိုင်ဖြစ်နေတုန်းလေ"
"ဟိ့" ပေါက်ကရတွေနော် နင်တို့တွေက"
...............
"ဆောနူး အိမ်ထဲမှာဘဲနေ ခြံထဲ သိပ်မဆင်းနဲ့ ညဘက်ရောက်နေပြီ လေစိမ်းတိုက်မယ် ပြီးတော့ ဆေးသောက်ဖို့မမေ့နဲ့"
"အကိုလေးက ဘယ်သွားမလို့လည်း"
"ကျွန်တော်သူငယ်ချင်းတွေနဲ့ Dinner ချိန်းထားလို့ ဒီတိုင်းပါ ဟန်နာ့ပြန်ရောက်လို့လေ"
ပေါ်လာပြန်ပြီ ဒီမိန်းကလေး ကျွန်တော့်စီက မောင့်ကိုဆွဲထုတ်သွားမှာ ကြောက်တယ် ဆိုင်သူပိုင်သူမဟုတ်သေးလို့ စိတ်ယိုင်သွားမှာဆိုးမို့တယ်
တော်ရုံမိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့အလှတရားထက်ပိုတယ်.
"ကြာ....မှာ လား"
"ဟင့်အင် ခဏသွားပြီးတာနဲ့ပြန်လာမှာ"
ဒါမျိုးကြတော့လည်း ဝမ်းသာမိတယ်
........
Ringgggg...... 💢💢💢
"ဟယ်လို ဘယ်သူလည်းမသိဘူး"
ph no အစိမ်းကြီးနဲ့ ဘယ်သူမှန်းမသိ ဒီအချိန်ကြီး
"ဆောနူး ကိုပါ ဆောင်ဟွန်း"
"ဟမ်း ဆောင်ဟွန်းဟျောင့် ဒီချိန်ကြီး ဘာကိစ္စကြောင့်လည်း"
"ခြံရှေ့ထွက်လာပေးနိုင်မလား ဆောနူး"
"ခဏနော် ခဏ ဟျောင့်"
အပြောဘဲ ထင်နေမိတာ တကယ်ကြည့်မိမှာ မိုးဖွဲဖွဲကြနေတာကို အကာအကွယ်မရှိ ခြံရှေ့မှာဘာရပ်လုပ်နေမှန်းမသိ
နီးစပ်ရာ ထီးဆွဲပြီး အလျှင်အမြန်ဘဲ ထွက်သွားလိုက်တယ်
"ဟျောင် ဘာလာလုပ်တာလည်း သိပ်အရေးမကြီးလည်း မနက်မှလာရောပေါ့ ဟျောင်ရယ်"