အပိုင်း 14

2.6K 257 2
                                    

.........

"အဟွတ်!!" 'တစ်ယောက်ယောက်က ငါ့အကြောင်းပြောနေတာလား? ' ရှုရင်က တွေးလိုက်သည်။

"သခင်လေး အဆင်ပြေရဲ့လား? လိပ်ကာကို ခနခနပင့်တင်နေတာ ရပ်လိုက်လို့ရမလား၊ လေအေးတွေတိုက်နေတာမို့ အအေးမိလိမ့်မယ် "

ရှုရင်က နှုတ်ခမ်းဆူလိုက်ပြီး ' ငါ့ကို အားနည်းတယ်လို့ မပြောနဲ့၊ ငါကဆရာဝန်တစ်ယောက်ပါ၊ ငါ့ကိုယ်ငါ နေမကောင်းဖြစ်အောင် မလုပ်ပါဘူး'

"စိတ်ပူမနေစမ်းပါနဲ့ အပြင်မှာနေပူနေတာကို ဘယ်ကလေအေးလဲ " ရှုရင်က စိတ်ဆိုးနေဟန်နဲ့ပြောလိုက်တယ်။

နန်းတော်ကနေ လီအိမ်တော်ရောက်ဖို့ နှစ်နာရီလောက်သွားလိုက်ရတယ်။ ထောင်လိုနေရာကနေထွက်ခဲ့ပြီးနောက်မှ ရှုရင်အသက်ရှုချောင်သလို ခံစားလိုက်ရသည်။

ရှုရင်သည် သူ့မိဘများ၏ကြင်နာမှုကို အလေးမထားသည့် မူလပိုင်ရှင်ကို မကျေမနပ်ဖြစ်မိသည်။အခုသူတို့ကိုတွေ့ရင် လီရှုရင်ကိုယ်စားသူက ပိုကောင်းကောင်း ဆက်ဆံပေးရမယ်။

ရထားလုံးသည် စံအိမ်ကြီးတစ်ခုအရှေ့တွင် ရပ်လိုက်ပြီး " သခင်လေး၊ ကျွန်တော်တို့ရောက်ပါပြီ "

အိမ်ကြီး၏ပင်မတံခါးကြီးပွင့်လာပြီးနောက် လီရှီစီ၏ အပြုံးမျက်နှာကို အရင်ဆုံးတွေ့လိုက်ရသည်။

"အဖေ" ရှုရင်က နှုတ်ဆက်လိုက်သည်။

"လာ..လာ..အထဲဝင်ရအောင်၊ မင်းအမေက မင်းကိုစောင့်နေတာ "လီရှီစိသည် ရှုရင်၏လက်ကိုဆွဲကာ အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။

အသက်ဘယ်လောက်ကြီးကြီး ရှုရင်သည် လီရှီစိနှင့် သခင်မဖုန်တို့အတွက် ကလေးငယ်တစ်ယောက်လိုဖြစ်နေသည်။

"အမေ....."

အသက် ၄၀ အရွယ်အမျိုးသမီးသည် အစားအစာပြင်ဆင်နေရင်းကနေ အသံကြောင့် လှည့်ကြည့်လိုက်သည်။ "ရင်း...ရင်းအာ...ငါ့သားလေး..."

မျက်ရည်အပြည့်ဖြင့် သခင်မဖုန်သည် သူ့သားငယ်လေးကို တင်းကြပ်စွာ ပြေးဖက်လိုက်သည်။

"ရင်းအာ..အမေ အရမ်းလွမ်းနေတာ။ အခုနေလို့ကောင်းသွားပြီလား? ဘယ်နေရာနာနေသေးလဲ? ဘယ်နေရာ နာနေသေးလဲ? အဆင်မပြေရင် မေ့မေ့ကိုပြော ဆရာဝန်ခေါ်ပေးမယ်" သူမသည် ရှုရင်ကိုယ်ကို အရှေ့အနောက်လှည့်ရင်း အသေအချာကို စစ်ကြည့်နေခဲ့သည်။

"မိန်းမ စိတ်အေးအေးထားပါ။ ရင်းအာနေကောင်းပါတယ်၊ အရင်ကထက်တောင်ဘပိုကောင်းလာသေးတယ် " လီရှီစီက သူ့ဇနီးသည်၏ အလွန်အကျွံတုံ့ပြန်မှုကြောင့် အလျှင်အမြန်သတိပေးလိုက်သည်။

"ဟုတ်တယ်အမေ၊ သားနေကောင်းနေပါပြီ၊ အရင်ကထက်တောင် ပိုကောင်းလာသေးတာ " ရှုရင်က သူ့အမေကို နှစ်သိမ့်လိုက်သည်။

"ဟမ်..အဲ့လိုဆိုရင်တော့ကောင်းတာပေါ့၊ အမေတောင်းပန်ပါတယ် သားသတိမေ့နေတုန်းက အမေနန်းတော်ကိုလာချင်ခဲ့တာ.. ဒါပေမယ့် အရှင်မင်းကြီးက....."

"အမေ အဲ့ဒါက အဆင်ပြေပါတယ်၊ အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုမေ့လိုက်တော့။ အရေးကြီးတာက အခုသားက နေပြန်ကောင်းပြီး အမေတို့နဲ့တူတူရှိနေပြီလေ..."

"ဟုတ်ပြီ..ဟုတ်ပြီ..ရင်းအာ မှန်ပါတယ် " သူမကို ရှုရင်ကို သူမရင်ခွင်ထဲနောက်တစ်ကြိမ်ဆွဲသွင်းလိုက်သည်။

ခနကြာပြီးနောက် သူမကို ဖက်ထားတာကိုဖယ်လိုက်ပြီး ရှုရင်မျက်နှာကိုကြည့်ကာ သူမလက်နှင့်ဖြည်းညှင်းစွာ ပွတ်သပ်လာသည်။ "သားလေး ပိုလှလာတယ်...အမေရင်းအာ ဒီလိုပုံစံနဲ့နေတာကို ပိုသဘောကျတယ်" နောက်ဆုံးအကြောင်းကြောင့် ရှုရင်စိတ်မကောင်းဖြစ်သွားမှာ စိုးတာကြောင့် သူမအသံက တိုးဝင်သွားသည်။

"စိတ်မပူပါနဲ့အမေ၊ အခုချိန်ကစပြီး သားမျက်နှာချေမှုန့်တွေ မလိမ်းတော့ဘူး၊ အရောင်တောက်တောက်နဲ့ အဝတ်အစားတွေမလိမ်းတော့ဘူး၊ ဒီလို ရိုးရိုးလေးနဲ့နေရတာကို ပိုသဘောကျတယ်"

"ဟမ့်..ဒါက ရင်းအာသဘောပဲ အမေက ရင်းအာဘာလုပ်လုပ် ဘာမှဝင်ပြောမှာမဟုတ်ဘူး၊ အခြားသူတွေပြောတာကိုလဲ ဂရုစိုက်မနေနဲ့..."

"ကောင်းပြီ သူတို့ကိုလျစ်လျူရှုထားရအောင်၊ သားတို့က သူတို့ပိုက်ဆံနဲ့ အသက်ရှင်နေတဲ့သူတွေမဟုတ်ဘူး ဘာလို့ဂရုစိုက်နေရမှာလဲ "

သခင်မဖုန်၏ မျက်လုံးများက မျက်ရည်များနှင့်ပြည့်နှက်နေသည်။သူမက ရှုရင်ဘေးက သူမခင်ပွန်းကို တစ်ချက်လှမ်းကြည့်လိုက်တော့ လီရှီစီကသူမကို ခေါင်းညှိတ်ပြလိုက်သည်။ရှုရင်က သူ့ရဲ့ပုံစံကိုပြောင်းလဲလိုက်ပြီး ကျန်းမာရေးလဲ ပိုကောင်းလာတာကိုကြည့်ပြီး သူတို့နှစ်ယောက်လုံးပျော်ရွှင်သွားကြသည်။

သခင်မဖုန်က သူမမျက်လုံးထောင့်မှ မျက်ရည်များကိုသုတ်လိုက်ပြီး "ကောင်းပြီ ရင်းအာဗိုက်ဆာနေလိမ့်မယ်၊ အမေ သားကြိုက်တာတွေအားလုံးပြင်ဆင်ထားတယ် " သူမက ရှုရင်ကို ထမင်းစားခန်းထဲဆွဲခေါ်သွားတယ်။

<<<<<<<<<<<<<<<<<<<<<<<<<<<

Paid group ကို tele မှာလာစုံစမ်းပြီး ဝင်လို့ရပါပြီ

စိတ်အနှောက် အယှက်ဖြစ်စေသော ကိုယ်လုပ်တော်အဖြစ် နိုးထလာခြင်းWhere stories live. Discover now