အပိုင်း 24

2.4K 268 2
                                    

လက်ဖက်ရည်ပါတီ....

"ဧကရီကို လျှောက်တင်ပါတယ်၊ ဒီကိုယ်လုပ်တော်ရဲ့ နာမည်က လီရှုရင်လို့ခေါ်ပါတယ်.." ရှုရင်က သူ့လက်ကို ရှေ့ထုတ်ပြီး ဦးညွှတ်ရင်းပြောလိုက်သည်။

"ရှုရင်? ဝန်ကြီးချုပ်လီရဲ့သား? " သူမရှေ့က ကိုယ်လုပ်တောိက ထိုထူးဆန်းတဲ့ ကိုယ်လုပ်တော်မှန်းသိသောအခါ ဧကရီမှာ ဒုတိယအကြိမ် အံ့အားသင့်သွားခဲ့ရသည်။

"ဟုတ်ပါတယ်...ဧကရီ."

ဧကရီမယ်တော်ကြီးရဲ့ အာရုံအားလုံးက ရှုရင်ဆီမှာပဲ ရှိနေတာကိုတွေ့သောအခါ လီနာနဲ့ ဟွေ့ရင်က အံကြိတ်လိုက်ကြတယ်။

ထိုင်ခုံပေါ်မှာ ထိုင်ပြီးနောက် ဧကရီက စကားစပြောလိုက်တယ်။" တစ်ကယ်တော့ အခုဒီကိုလာရတာက ပန်ကုန်းမင်းတို့ကို အသိပေးစရာရှိလို့ပဲ။လွန်ခဲ့တဲ့ ရက်သတ္တပတ်အတော်ကြာက ခရီးထွက်သွားခဲ့တဲ့ မင်းသမီးလေးက နောက်နှစ်လောက်နေရင် နန်းတော်ထဲကို ပြန်ရောက်လိမ့်မယ်။ ပန်ကုန်းက ကြိုဆိုပွဲအသေးလေးလုပ်ပေးချင်တာမို့ ပန်ကုန်းနဲ့အတူတူ ကူညီပေးမယ့်သူများရှိမလား... "

လီနာနဲ့ ဟွေ့ရင်၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားခဲ့သည်။သူတို့က ဒါကိုရှင်းရှင်းလင်းလင်းကို လုပ်ချင်နေကြပေမယ့် အရမ်းစိတ်အားထက်သန်နေသလို ပြနေလို့မဖြစ်တာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေလိုကိကြတယ်။

"ပန်ကုန်း မင်းတို့အားလုံးကို ခေါ်ပြီးမေးရတာက ပန်ကုန်းက ဘယ်သူ့ကိုမှ ဘက်လိုက်နေတာမဟုတ်မှန်းသိစေချင်လို့ပဲ"

သူဒီကိုစရောက်ထဲက ဝူကျန်းဝေ့က ရှုရင်ကိုသာ စိုက်ကြည့်နေခဲ့တယ်။ရှုရင်က ပွဲတွေကို စိတ်မဝင်စားသလို စေတနာ့ဝန်ထမ်းလုပ်မယ့် အရိပ်အယောင်လဲ မပြတာကြောင့် ဝူကျန်းဝေ့က မျက်မှောင်ကြုံ့လိုက်တယ်။

သူ့မျက်လုံးထောင့်ကနေ လီနာက တစ်ခုခုထပြောတော့မှာကို မြင်လိုက်တဲ့အချိန်မှာပဲ သူကအမြန်ဝင်ပြောလိုက်တယ်။ " အမေ ကြည့်ရတာတော့ သူတို့က ဝင်ပြောဖို့ ရှက်ရွံ့နေပုံပဲ၊ ဒီအခွင့်အရေးကို ကိုယ်လုပ်တော်လီကို ပေးလိုက်ရင်ကော ဘယ်လိုထင်ကြလဲ?ဒီလိုပွဲမျိုးတွေမှာ သူပါဝင်တာ အရမ်းရှားတယ် မထင်ဘူးလား။"

ရှုရင်က မျက်လုံးများပြူးသွားသည်။ သူကတစ်ယောက်ယောက်ကို လည်ပင်းညှစ်သတ်ဖို့ကို မစောင့်နိုင်တော့ဘူး။

"ခွင့်လွတ်ပါ အရှင်မင်းကြီး၊ ဒါပေမယ့် ဒီနိမ့်ကျတဲ့ ကိုယ်လုပ်တော်တစ်ယောက်က ဒါမျိုးကို တာဝန်ယူဖို့ မသင့်တော်ပါဘူး။ ဒါက ကြင်ယာတော်လီနာလိုမျိုး အရည်အချင်းရှိတဲ့သူမျိုးကသာလျှင့် သင့်တော်တာပါ။" ဝူကျားရင်သည် ကိုယ်လုပ်တော်တစ်ယောက်က သူမသားရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သောအခါ အံ့အားသင့်သွားခဲ့တယ်။ များသောအားဖြင့် ကိုယ်လုပ်တော်များသည် ဘုရင့်နှသ်သက်မှုကိုရအောင် ကြိုးစားပြီး ဘုရင်ပြောသမျှကို နာခံတတ်ကြတာမလား။

"အမေ..ကျန်းဝေ့ကတော့ အမေဒီတာဝန်ကို ကိုယ်လုပ်တော်လီဆီကို လွှဲပေးသင့်တယ်လို့ထင်တယ်။ သူဘယ်လောက်ထိလုပ်နိုင်လဲဆိုတာကို ပြသဖို့ပေါ့ " ဝူကျန်းဝေ့သည် နောက်ဆုံးအပိုဒ်ကိုဖိပြောလိုက်ပြီး ရှုရင်ကို သူပြောခဲ့တဲ့စကားလုံးများကို သတိရအောင်နှိုးဆွလိုက်သည်။

ဝူကျားရင်က သက်ပြင်းချကာ " ဧကရာဇ်က ဒီလောက်တောင် အခိုင်အမာပြောနေမှတော့ ပန်ကုန်းက ဒီတာဝန်ကို ကိုယ်လုပ်တော်လီကို လွှဲပေးလိုကိပါ့မယ်။ မင်းဒါကို ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်တယ်။ ဒါပ သာမန်ရိုးစင်းတဲ့ ပွဲလေးတစ်ခုဆိုပေမယ့် ဝန်ကြီးတွေအားလုံးနဲ့ အရေးကြီးဧည့်သည်တွေကိုပါ ဖိတ်ကြားမှာဖြစ်တယ်။ဒါကြောင့် ငါတို့ရဲ့ပုံရိပ်က မင်းအပေါ်မူတည်သွားပြီ။"

"ဟုတ်ကဲ့ပါ ဧကရီ ကျွန်တော်မျိုးအကောင်းဆုံး ကြိုးစားပါ့မယ်" ရှုရင်က သူ့လက်ကိုအရှေ့ထုတ်ပြီး တရိုတသေပြောလိုက်တယ်။

ဝူကျားရင်ထွက်သွားသောအခါ ဝူကျန်းဝေ့ကလီရှုရင်ကို လှည့်ကြည့်လိုက်သည်။ ရှုရင်ရဲ့ မျက်နှာက မကျေနပ်မှုတွေကြောင့် မဲမှောင်နေတာကိုတွေ့တဲ့အခါ ဝူကျန်းဝေ့က ကျေနပ်စွာပြုံးလိုက်သည်။

လီနာနဲ့ဟွေ့ရင်တို့ နှစ်ယောက်က ခေါင်းငုံ့ကာ ဝတ်ရုံကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားရုံသာ တက်နိုင်ကြတော့သည်။

......................

Promotion Time ပါ။ ဒီနေ့ မင်မင့် မွေးနေ့မို့ပါ

ကုချင်ရွယ် Group 1 + 2 - 3500KS
လီရှုရင် Group 1 - 2000Ks
ဒီနေ့ကနေ မနက်ဖြန်ည 10 နာရီအထိပါ။

စိတ်အနှောက် အယှက်ဖြစ်စေသော ကိုယ်လုပ်တော်အဖြစ် နိုးထလာခြင်းWhere stories live. Discover now