အပိုင်း ၃၂

2.4K 378 11
                                    

နောင်တ..

______________________

ဝူကျန်းဝေ့က ရယ်မောပြီးပြန်ပြောလိုက်သည်။

"ဝမ်းနည်းပါတယ် မင်းသားယန် ဒါပေမယ့် ကိုယ်လုပ်တော်လီက အရမ်းအလုပ်များတာ။ ကျန်းရဲ့အမေက သူ့ကို အတွင်းနန်းဆောင်ကိစ္စတွေကိုကိုင်တွယ်ဖို့ တာဝန်ပေးထားတာမို့ သူမင်းသားရဲ့ အသေးအဖွဲ့လိုအပ်ချက်တွေကို လိုက်လျောပေးဖို့ အချိန်မရှိလောက်ဘူး။ နောက်ပြီး အနာဂတ်မှာသူက ငါတို့ရဲ့ကလေးတွေ ကိုလဲ ဂရုစိုက်ရဦးမှာလေ " ( ဟယ် သူဘာတွေပြော??)

ရှုရင်က ထိုစကားကိုကြားသောအခါ ကြမ်းပြင်ပေါ်သို့လဲကျလုနီးပါးဖြစ်ခဲ့ရသော်လည်း သူ့ခါးကိုထိန်းထားသောလက်တစ်ဖက်ကြောင့် မလဲကျခဲ့ပေ။

မင်းသားလေးက အံကြိတ်နေတာကိုမြင်တဲ့အခါ ဝူကျန်းဝေ့က ကျယ်လောက်စွာ လှောင်ပြောင်လိုက်တယ်။

"ကောင်းပြီ... ငါရဲ့ ရင်းအာလေး သွားကြရအောင်။ မင်းသားလေး အနားယူဖို့လိုသေးတယ် " အဖြေကိုသောင့်မနေဘဲ ဝူကျန်းဝေ့က ရှုရင်ကို အခန်းအပြင်သို့ဆွဲထုတ်သွားသည်။

ရှုရင်က ခေါင်းထဲဗလာဖြစ်နေပြီး ဧကရာဇ်က သူ့ကိုပွေ့ဖတ်ပြီး အခန်းအပြင်သို့သယ်သွားသည်ကို သတိမပြုလိုက်မိပေ။သူက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။ သူ့တင်ပါးက နူးညံ့သော မွေ့ယာနှင့်ထိသွားမှသာ သူတို့မင်းသားယန်အခန်းမှာမဟုတ်တော့ဘူးဆိုတာ သတိထားမိသွားသည်။ဧကရာဇ်က သူ့ရဲ့အိပ်ဆောင်ဆီ ရှုရင်ကိုသယ်လာခဲ့တာပဲ။

ရှုရင်က ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ကုတင်နှင့်ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်သည်။ သူရဲ့ အပြုအမူသည် ဧကရာဇ်၏ စိတ်ကိုပို၍ မှောင်မိုက်စေသည်။

ရှုရင်က ပုံမှန်မဟုတ်သောလေထုကို ခံစားမိလိုက်သည်။ " အရှင်မင်းကြီး ဒီကျွန်ကိုခွင့်လွတ်ပေးပါ ဒါပေမယ့် နောက်တစ်ခါအဲ့လိုမျိုးတွေမပြောပါနဲ့...အဲ့..အဲ့ဒါက မသင့်တော်ပါဘူး...."

"ဘာကိုလဲ? ...." ဝူကျန်းဝေ့က သူ့လက်ကိုပိုက်ထားပြီး အေးစက်သောအကြည့်နှင့်ကြည့်လိုက်သည်။

စိတ်အနှောက် အယှက်ဖြစ်စေသော ကိုယ်လုပ်တော်အဖြစ် နိုးထလာခြင်းTempat cerita menjadi hidup. Temukan sekarang