အပိုင်း 23

2.3K 277 4
                                    

လက်ဖက်ရည်ပါတီ။

လီနာ၏ မျက်လုံးများပြူးသွားပြီး".....ဟား..ဟားဟား...ဟား...ဟုတ်တယ် ကောလဟာလတွေက ကောလဟာလတွေပဲ၊ လူတွေက ငါတို့မောင်းမမိဿံတွေရဲ့ ဘဝကို အာရုံစိုက်လွန်းတယ်...အာ..ငါမေ့တော့မလို့ ရှုရင်...ဘာလို့မိတ်ကပ်တွေ မလိမ်းတော့တာလဲ၊ မိတ်ကပ်မလိမ်းထားတဲ့ ရှုရင်က တစ်ကယ်မတူဘူးပဲ။"

ရှုရင်က မဖြေခင် လက်ဖက်ရည်ကို အေးဆေးသောက်လိုက်သည်။ "မိတ်ကပ်လိမ်းတာက အချိန်အရမ်းယူရတယ်၊ အရင်တုန်းကလိုမျိုး မိတ်ကပ်လိမ်းဖို့အတွက် အချိန်မဖြုန်းချင်တော့ရုံပါ။ အဲ့ဒီအချိန်မှာ အခြားအရာတွေကို လုပ်နေလို့ရတယ်လေ။"

ဟွေ့ရင်က ကောက်ကျစ်တဲ့အပြုံးတစ်ခုနဲ့ " ဒါပေမယ့်ဘငါတို့က ရှုရင်မေ့မေ့ မိတ်ကပ်လိမ်းထားတဲ့ပုံစံကို ပိုသဘောကျတယ်၊ အဲ့ဒါက မင်းနဲ့ပိုလိုက်က်ဖက်တာကို... "

"မင်းတို့အားလုံးကို စိတ်ပျက်စေမိတဲ့အတွက် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် အခုချိန်ကစပြီး မင်းတို့တွေ ငါ့ရဲ့မျက်နှာပြောင်ကိုပဲ ကျင့်သားရအောင်လုပ်ရမယ်ထင်တယ်။ငါ မိတ်ကပ်ထပ်မသုံးတော့ဘူး၊ အဲ့ဒါက ငါ့ကို ဒုက္ခတော်တော်ပေးတယ်" ရှုရင်သည် သူတို့နှစ်ယောက်၏ နှာဖူးပေါ်က ပေါက်ထွက်လုမတက်သွေးကြောများကို မြင်သောအခါ ပြုံးပြီးပြောလိုက်သည်။

အရူးနှစ်ကောင်သည် သူတို့စိတ်ကို တည်ငြိမ်အောင်ထားဖို့ အလုပ်များနေချိန်တွင် ရှုရင်သည် လီနာက သူမကိုမေးပြီးထဲက စကားတစ်လုံးမှဝင်မပြောတဲ့ ဝမ်ချန်ကိုကြည့်လိုက်သည်။သေးသွယ်ပြီး ဖြူဖျော့သော မိန်းကလေးငယ်သည် သူ့ကိုယ်ပိုင်အတွေးကမ္ဘာထဲတွင်သာ ရှိနေပုံရသည်။

ရှုရင်၏ အကြည့်ကိုသတိပြုလိုက်မိပြီး ဝမ်ချန်သည် သူ့ဘက်သို့ ဖြည်းညှင်းစွာလှည့်ကြည့်လာသည်။ဝမ်ချန်သည် ရှုရင်၏ ကြည်လင်နူးညံ့သော မျက်လုံးများနှင့် နှုတ်ခမ်းပေါ်ကအပြုံးကိုမြင်ပြီး တောင့်တင်းသွားသည်။တစ်စုံတစ်ယောက်၏ မျက်နှာကို စိုက်ကြည့်ခြင်းသည် ရိုင်းစိုင်းသည်ကို သတိပြုလိုက်မိပြီးနောက် ဝမ်ချန်သည် သူမ၏မျက်လုံးများကို ဖယ်လိုက်သည်။

ထိုအချိန်တွင်ပင် အစေခံအမျိုးသားတစ်ဦးရောက်လာပြီး " ကြင်ယာတော်တို့ရဲ့ အချိန်ကို နှောက်ယှက်မိလို့ တောင်းပန်ပါတယ်။ဒီအစေခံက ဧကရာဇ်နဲ့ ဧကရီ ရောက်လာဆိုတာ အကြောင်းကြားဖို့ရောက်လာခဲ့ခြင်းပါ။သူတို့က ကြင်ယာတော်တို့ကို ကြေညှာစရာရှိလို့ ရောက်လာခဲ့ခြင်းပါ။"

'ဧကရီမယ်တော်ကြီးနဲ့ ဧကရာဇ်က ဒီကိုလာမှာလား? ' ရှုရင်မှလွဲ၍ အားလုံးမှာ အံ့သြပြီးထိန့်လန့်သွားကြတော့သည်။

အမျိုးသားအစေခံထွက်သွားပြီးတဲ့နောက်မှာတော့ လီနာနဲ့ဟွေ့ရင်က သူတို့ရဲ့ကိုယ်ပိုင်အစေခံတွေကို လှမ်းခေါ်လိုက်ပြီး သူတို့ကိုအရှင့်ရှေ့တွင် ကြည့်ကောင်းနေစေရန် ပြင်ဆင်ပေးဖို့ပြောလိုက်သည်။တစ်ချိန်တည်းမှာပဲ ဒီအခွင့်အရေးကို စောင့်နေသလိုမျိုး ရှုရင်က စားပွဲပေါ်က မုန့်တွေအကုန်လုံးကိုယူပြီး မြိုချလိုက်သည်။

အသက် 40 နှောင်းပိုင်းအမျိုးသမီးတစ်ဦးနှင့် အသက် 20 အရွယ်လူငယ်လေးတို့ ခြံဝင်းထဲဝင်လာသောအခါတွင် မောင်းမမိဿံများနှင့် အစေခံများအားလုံး ခေါင်းငုံ့ပြီးအရိုအသေပေးလိုက်ကြသည်။

"အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်!"

"ထလော့ "ဝူကျန်းဝေ့က ပြောလိုက်သည်။

သူက မောင်းမမိဿံ လေးယောက်လုံးဆီ လှည့်ကြည့်လိုက်သောအခါ အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အလှဆုံးလူကိုတွေ့လိုက်တဲ့အခါ သူ့အကြည့်တွေက ရပ်တန့်သွားတယ်။သူက ထိုသူကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေတော့တယ်။

'ဟမ့် မင်းကငါနဲ့လာတွေ့တဲ့အခါကျရင်တော့ လှလှပပလေး မဝတ်ဆင်ထားဘူး။ဒါပေမယ့် မိန်းကလေးတွေနဲ့ တွေ့တဲ့အခါမှာကျ ဒီလိုလေးဝတ်ထားတယ်ပေါ့လေ။ မင်းက ယောကျ်ားရော မိန်းမတွေရောကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား?'

ဧကရီဝူကျားရင်သည် သူမသား မျက်မှောင်ကျုံ့နေသည်ကို မြင်လိုက်သဖြင့် သူမသားကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်မိသည်။ထိုနေရာမှာ ရပ်နေတဲ့သူကိုမြင်တော့ သူမ မျက်လုံးတွေပြူးကျယ်သွားတယ်။

' အို.. ဘုရားရေ...ဒီလှပတဲ့ကောင်လေးက ဘယ်သူတုန်း? ငါ့သားရဲ့ မောင်းမတွေထဲ ဒီလိုလူကို ငါတစ်ခါမှ မမြင်ဖူးပါဘူး။ ဝူကျန်းဝေ့က သူလေးကို တိတ်တဆိတ် ခေါ်လာတာလား? ထိုသို့တွေးပြီး ဝူကျားရင်က ရှုရင်အနား ဖြည်းညှင်းစွာသွားလိုက်တယ်။

"ပန်ကုန်းမေးပါရစေ...မင်းနာမည်က ဘယ်လိုခေါ်လဲ? ..." ဧကရီက လီရှုရင်ဆီသွားပြီး မေးလိုက်သည့် မေးခွန်းကြောင့် ဝူကျန်းဝေ့နှင့် ကြင်ယာတော်တွေက အံ့အားသင့်သွားကြတယ်။

စိတ်အနှောက် အယှက်ဖြစ်စေသော ကိုယ်လုပ်တော်အဖြစ် နိုးထလာခြင်းWhere stories live. Discover now