27

73 9 0
                                    

တနင်္ဂနွေနေ့ ကလပ်လှုပ်ရှားမှုများမစမီတွင် ထောင်ရှီးက လင်ချင်းဟယ်ကို စိုးရိမ်စွာ သတိပေးလိုက်သေးသည်။

" ဒီနေ့ည ၆ နာရီခွဲ Aode ပလာဇာ ကွမ်တုံး-ဟောင်ကောင် စားသောက်ဆိုင်နော်။ ငါ့ကို စောင့်ရအောင် မလုပ်နဲ့။ အဲ့လိုမှမဟုတ်ရင် ငါ..."

လင်ချင်းဟယ်က ဂီတစာရွက်ကို ထုတ်နေရင်း သူ့ကို လှည့်ကြည့်လိုက်သည်။

" အဲ့လိုမှမဟုတ်ရင် မင်း ဘာလုပ်မှာလဲ..."

ထောင်ရှီးမှာ ဆွံ့အသွားရသည်။

သူ ဘာလုပ်နိုင်မှာလဲ...

သူ စိတ်အားငယ်သွားလောက်မည်ဖြစ်သော်လည်း ဤလူကို အင်မတန်မှ သဘောကျနေဆဲပင် ဖြစ်လိမ့်မည်။

သူ လင်ချင်းဟယ်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ဘာမှတော့ များများစားစား မလုပ်နိုင်ပါဘူး။ မနက်ဖြန်ကျရင် ငါ မင်းကို မခေါ်ဘဲနေလိုက်မှာပေါ့..."

သူ စကားခဏရပ်လိုက်ပြီးနောက်‌ ခပ်တိုးတိုးလေးဖြင့် ထပ်ပြောလိုက်သည်။

"တစ်ရက်တည်းပဲ..."

လင်ချင်းဟယ်က အသံတိုးတိုးဖြင့် ရယ်မောလိုက်သံကို ထောင်ရှီး ကြားလိုက်ရ၏။ သူ လင်ချင်းဟယ်၏ အပြုံးကို သေသေချာချာ မမြင်လိုက်ရသေးခင် တစ်ဖက်လူက ဂီတနုတ်စာရွက်ကိုယူ၍ စာသင်ခန်းထဲမှ ထွက်ခွာသွားလေသည်။

ထောင်ရှီးမှာ ခဏတာကြောင်အမ်းအမ်းနှင့် ထိုင်နေပြီးမှ နေရာမှထကာ ပန်းချီကလပ်သို့ ဦးတည်လိုက်သည်။

သူ ပန်းချီဆွဲစဆွဲမည်ပြုခိုက် ချောင်ယီထန်က သူ့ထံသို့ရောက်လာပြီး ပြောလေသည်။

"ထောင်ရှီး၊ ပြီးခဲ့တဲ့တစ်ခေါက်က မင်းဆွဲတဲ့ပန်းချီကားကို အစ်မရဲ့အဘိုးဆီ ပြလိုက်တော့လေ...အဖိုးက မင်းကို တွေ့ချင်တယ်လို့ ပြောလာတယ်။ မင်း ဒီနေ့ နေ့လယ်ပိုင်းအားလား..."

ထောင်ရှီးက အံ့ဩသွားပြီး ချောင်ယီထန်ကို ငေးကြောင်ကြောင် ပြန်ကြည့်လိုက်သည်။

ချောင်ယီထန်က ပြုံးကာပြောသည်။ "ဪ၊ ဒါနဲ့ စကားမစပ် အစ်မရဲ့အဖိုးက ဘယ်သူလဲဆိုတာ မင်းမသိလောက်သေးဘူး။ အစ်မအဖိုးနာမည်က ချောင်ဟယ့်နျန်တဲ့။ သူ့နာမည်ကိုတော့ မင်း ကြားဖူးလောက်မှာပါ... ဟုတ်တယ်မလား..."

လမင်းသော်တာ လှမ်းလို့လာWhere stories live. Discover now