18

58 5 0
                                    

Chapter-18‌

ပိတ်ရက်တွင် ထောင်ရှီးမှာ စိတ်လှုပ်ရှားနေရသောကြောင့် ယန်သောလဲ့ကိုပင် မနာလိုမဖြစ်အားလိုက်ပေ။

ယန်သောလဲ့က သူပိုင်ဆိုင်သင့်သည့် နေရာကို သိမ်းပိုက်ထားပြီး သူ့ထံတွင်မူ မည်သည့်အရာမှ မရှိသည့်တိုင် သူက ယန်သောလဲ့ထက် ပိုသာနိုင်ကြောင်း သက်သေပြရမည်။

သူက လမင်းကို သူ့အပိုင်အဖြစ် သိမ်းဆည်းထားလိုခြင်းဖြစ်သည်မို့ လမင်း၏ဘေးတွင် အခြားကြယ်များကို ရှိနေခွင့်မပြုနိုင်ပေ။

ထောင်ရှီးက ခြစ်ကုတ်၍တွက်ကြည့်လိုက်သော် လောလောဆယ်တွင် ယွမ်တစ်ထောင်တန် စမတ်ဖုန်း ကောင်းကောင်းတစ်လုံး ဝယ်နိုင်သော်လည်း သူ့လစဉ်အသုံးစရိတ်ထဲမှ အများစုကို ထောင်လဲ့အတွက် ဆရာဝန်ပြရန်နှင့် ဆေးဝယ်ရန် ဖယ်ထားရဦးမည်ဖြစ်သဖြင့် အပိုဝင်ငွေတစ်ချို့ရှာမှဖြစ်လိမ့်မည်။

သူ တစ်ညလုံး ထိုင်စဉ်းစားသည့်တိုင် ငွေရှာနိုင်မည့်နည်းကို စဉ်းစားမရသေးချေ။

တနင်္လာနေ့တွင် ထောင်ရှီးက ထုံးစံအတိုင်း စာသင်ခန်းထဲသို့ စောစောစီးစီး ရောက်လာသည်။ သူ မနက်တိုင်း လင်ချင်းဟယ်ကို မျှော်နေကျဖြစ်သည့်တိုင် ယနေ့မူ တစ်မူထူးခြားနေ၏။

သူ လင်ချင်းဟယ်ကို ပိုတွေ့ချင်နေသည်၊ သို့သော် တစ်ချိန်တည်းမှာပင် သူ့အတွင်းစိတ်ကို သိမြင်သွားမည်ကိုလည်း စိုးရိမ်နေသဖြင့် တွေ့လည်းမတွေ့ရဲပေ။

ထောင်ရှီးက လင်ချင်းဟယ်၏ လွတ်နေသောထိုင်ခုံကို ခဏကြာ စိုက်ကြည့်နေပြီးနောက် ရေဘူးကိုကိုင်ကာ သောက်ရေခန်းထဲသို့ ရေသွားဖြည့်သည်။ ရေဖြည့်ပြီး၍ စတိတ်စင်ကို ကျော်လာသည့်အခိုက် ကျောက်သင်ပုန်းပေါ်တွင် မြေဖြူတစ်ချောင်းနှင့် စာရေးရန် ကြိုးပမ်းနေသည့် ဟွမ်းချင်က သူ့ကို လှမ်းတားလိုက်သည်။

ဟွမ်းချင်က ထောင်ရှီး၏အရပ်ကို မော့ကြည့်ကာ မေးလိုက်သည်။

“ ဒီစာကြောင်းကို ကျောက်သင်ပုန်းပေါ်မှာ ကူရေးပေးပါလား…”

လမင်းသော်တာ လှမ်းလို့လာWhere stories live. Discover now