8

77 10 1
                                    

Chapter- 8

ယင်းက ထောင်ရှီး၏တောင်းဆိုမှုကို လင်ချင်းဟယ် သဘောတူပေးခဲ့သည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ "မထင်ဘူး " ၊ " မရဘူး " ဟု ပြောမလာသည့် ပထမဆုံးအကြိမ်လည်း ဖြစ်လေသည်။

သူ အကြားအာရုံများ ထင်ယောင်ထင်မှားဖြစ်သွားသလားဟုတောင် ထင်မှတ်သွားသည်။ ၎င်းက ယန်သောလဲ့အတွက် သာမန်တောင်းဆိုမှုလေးသာ ဖြစ်လောက်မည်ဆိုသော်လည်း သူကမူ ကလေးတစ်ယောက်ပမာ ပြုမူနေသည်။

သို့တိုင် သူ မပျော်ဘဲ မနေနိုင်ပါချေ။

သူ နှုတ်ခမ်းမှ အပြုံးများကို ကြိုးစား၍ဖုံးဖိလိုက်သော်လည်း တက်ကြွနေသော ခြေလှမ်းများကိုမူ ဖုံးဖိနိုင်ခြင်းငှာ မစွမ်းသာခဲ့ချေ။

သူ လင်ချင်းဟယ်ကို ယန်သောလဲ့ထံမှ လုယူနိုင်ခဲ့သလို ခံစားလိုက်ရသည်။ ၎င်းက ခဏတာလေးသာဖြစ်သည့်တိုင် သူ့အတွက် အချိန်အကြာကြီး ပျော်နေနိုင်ရန် လုံလောက်ပါ၏။

သူ တတိယတန်းတက်စဉ်က မိုးသည်းထန်စွာ ရွာနေခဲ့သည့်နေ့ကလိုပင်။ ထိုစဉ်က ကျောင်းဆင်းလျှင် သူ့ကိုအိမ်ပြန်လိုက်ပို့ရန် ကျောင်းပေါက်ဝတွင် ထီးကိုင်လျက်စောင့်နေသည့် ကောဖျင်ကို မြင်လိုက်ရသည့်အခါ သူ အလွန်ပျော်ခဲ့ရသည်။

သို့တိုင် လင်ချင်းဟယ် ကျောင်းဆေးခန်းကို သွားနေသည့်လမ်းက အနီးဆုံးလမ်း မဟုတ်နေကြောင်း သူ သတိထားမိသွားသည်။

ကျောင်းပထမဆုံးတက်သည့်ရက်ကတည်းက သူ၏ကောင်းလွန်းသောမှတ်ဉာဏ်ကြောင့် ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၏မြေပုံကို သူ ပြတ်ပြတ်သားသားမှတ်မိနေခဲ့သည်။ ကျောင်းဆေးခန်းက ကျောင်း၏အနောက်တောင်ထောင့်တွင် တည်ရှိသည်။ ကျောင်းအားကစားကွင်းမှ အနီးဆုံးလမ်းက “ပိုင်ဟွေးဥယျာဉ်”ကို ဖြတ်သွားခြင်းပင်။ လင်ချင်းဟယ် ခေါ်သွားသည့်လမ်းကမူ တစ်ကွေ့တစ်ပတ်ကြီးဖြစ်နေသည်။

ဒီလူက လမ်းတွေလျှောက်သွားတတ်တဲ့အရူးလား...။

ထောင်ရှီး ခေါင်းလွှဲကာ လင်ချင်းဟယ်ကို ကြည့်လိုက်ပြီး မနေနိုင်စွာ ပြောလိုက်သည်။

လမင်းသော်တာ လှမ်းလို့လာWhere stories live. Discover now