part 3(z+u)

93 16 7
                                    

" Han Ji Sung! ! မင်း သေချာမလေ့ကျင့်ထားဘူးလား! ! "

dance practice လုပ်ရင်း ဟိန်းထွက်လာတဲ့ lee know အသံကြောင့် ဆက်ကနေသည့် member များတုန့်ခနဲရပ်တန့်သွားကြသည်။ member များက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လ်ို့ ဖြစ်လာမယ့် အန္တာရယ်အငွေ့အသက်များကိုကြိုတင်ခံစားမိကြ၍ အသံမထွက်ရဲကြချေ။ ဒေါသထွက်နေပုံရသည့် lee know ကကျယ်လောင်စွာဖွင့်ထားသည့် သီချင်းသံကို ပိတ်ပစ်လိုက်ပြီး han jisung ထံသို့ စူးစူးစိုက်စိုက်ကြည့်လာသည်။

ရုတ်တရက်အအော်ခံလိုက်ရသော jisung ကဘာပြန်ပြောရမှန်းမသိအောင်လန့်သွားပြီး မျက်နှာငယ်လေးဖြစ်သွားသည်။ အမှန်တကယ်ပဲ lee know ပြောသည့်အတိုင်းသူ ဒီကကွက်ကိုသေချာမလေ့ကျင့်ရသေးပါ။ ဒီရက်ပိုင်း သူသီချင်းရေးလိုက် အသံသွင်းလိုက်နှင့်အလုပ်ရှုပ်နေပြီး အကဘက်ကို အာရုံစိုက်၍မရချေ။ မကြာခင်ရောက်လာတော့မယ့် ဆုပေးပွဲတစ်ခုအတွက်သူတို့ရဲ့ အကောင်းဆုံးဖျော်ဖြေမှုတွေကိုချပြဖို့ သုံးလအလိုထဲက လေ့ကျင့်ထားကြတာဖြစ်သည်။ သို့ပေမယ့် အနားနီးမှ Han jisung က အလုပ်များနေတာရယ် စိတ်ဖိစီးမှုတွေရယ်ကြောင့် ကကွက်တချို့ကိုမေ့နေခဲ့သည်။

" တောင်းပန်ပါတယ် Hyung "

jisung က မျက်လွှာလေးချကာ အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး ဦးညွှန့်ကာတောင်းပန်စကားဆိုလိုက်သည်။

" ခုနကတည်းက မင်းဆက်တိုက်မှားနေတာသိတယ်မလား မင်းကြောင့် ဘယ်လောက်တခြားလူတွေပင်ပန်းနေကြပြီလဲမင်းကြည့်  "

lee know ရဲ့ ဒေါသသံနဲ့လေသံမာမာကြောင့် jisung တစ်ယောက်ခေါင်းငုံ့သွားကာ မျက်ရည်များဝဲလာသည်။ ဒီနေ့ကျမှ lee know ကဒေါသပိုထွက်နေသလိုဖြစ်နေပြီး အကဲဆက်နေသည်မို့ လီဒါဖြစ်သည့် Chan ကဝင်ထိန်းရတော့သည်။

" lee knowyaaa ....hannie ကအခုတလော နည်းနည်းပင်ပန်းနေလို့ပါ ကဲ....ကဲ....ငါတို့ခဏနားကြရအောင် ငါးမိနစ်လောက် break time "

" သူပဲပင်ပန်းနေတာလား ဒီမှာမပင်ပန်းတဲ့လူဆိုတာရှိလို့လား အကုန်ပင်ပန်းကြတာပဲကို "

Chan က လက်ခုပ်တီးပြီး အားလုံးနားဖို့လှုံ့ဆော်လိုက်ပေမယ့် အားလုံးကြားရဖို့လုံလောက်တဲ့အသံနဲ့ lee know ပြောလိုက်တဲ့စကားကြောင့် han jisung သည် ငိုလည်းငိုချင်ကာ စိတ်လည်းတိုသွားသည်။

SHIPSDär berättelser lever. Upptäck nu