part 4(z+u)

112 15 3
                                    



ည 10 မှာ သူတို့အဆောင်ကိုပြန်ရောက်ကြတော့ ကိုယ်စီဆာလောင်နေကြသည်။ ဒီနေ့လည်းပင်ပန်းခဲ့သည်မို့ အရင်ကလောက်အဆောင်ကမဆူညံနိုင်ပဲတိတ်ဆိတ်၍နေသည်။ အငယ်နှစ်ယောက်ဖြစ်သည့် jeongin နဲ့ seungmin က အကုန်လုံးစားဖို့ခေါက်ဆွဲပြုတ်နေကြပြီး felix ကရေခဲသေတ္တာထဲက jisung အမေပေးထားတဲ့အရံဟင်းဘူးများကို စားပွဲပေါ်တင်နေ၏။ ကျန်တဲ့member များကတော့ အရင်ဆေးကြောဖို့အခန်းကိုယ်စီဝင်သွားကြသည်။


" hyungnim တို့ခေါက်ဆွဲရပါပြီ!  ! "

jeongin ရဲ့ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ဆော်သြသံအဆုံးမှာ changbin ကအဝတ်အစားဝတ်ရင်းထွက်လာပြီး ခေါက်ဆွဲရှေ့မှာအသင့်ထိုင်လိုက်သည်။ hyunjin က ခေါင်းမှာရေဆက်လက်ဖြင့်ထွက်လာပြီး ခုံမှာထိုင်လိုက်သည်မို့ မျက်နှာချင်းမှာထိုင်နေတဲ့ felix က hyunjin အားမသက်မသာဖြင့်ကြည့်နေသည်။ lee know သူ့အခန်းကထွက်လာတော့ စားပွဲမှာလူစုံမရှိတာကို အရင်ဆုံးသတိထားမိလိုက်သည်။ ဒါကြောင့် သူကစားပွဲကခုံကိုဆွဲထုတ်ကာထိုင်လိုက်ရင်း အရင်မေးလိုက်သည်။

" Chan Hyung နဲ့ Han ရော "

"အာ သူတို့ကကုမ္မဏီမှာကျန်ခဲ့တယ် နည်းနည်းလက်စသပ်စရာလေးရှိနေလို့တဲ့ "

changbin က ခေါက်ဆွဲဝါးနေရင်း ပြန်ဖြေလိုက်ပြီး အရံဟင်းခွက်တစ်ခုဆီလက်လှမ်းနေသည်။ သူတို့ကကားနှစ်စီးနဲ့အဆောင်ကိုပြန်လာတာကြောင့် ဟိုဘက်ကားမှာ chan နဲ့ han ပါတယ်ပဲ leeknowက ထင်နေတာလေ။ အာရုံမစိုက်ဖို့လုပ်ထားပေမယ့် leeknow စိတ်ထဲမှာတစ်မျိုးတော့ဖြစ်နေသည်။ ဒီအချိန်ဆိုသူတို့လည်းဗိုက်ဆာနေကြရောပေါ့။ထိုအချိန် lee know ရဲ့အတွေးကိုရပ်တန့်သွားစေတာကတော့ felix ရဲ့အသံပင်ဖြစ်သည်။

" မင်းအအေးမိမယ် ခေါင်းအရင်သုတ်အုံး "

felix က ရေစိုနေတဲ့ခွေးပေါက်လေးနဲ့တူတဲ့ hyunjin ကိုကြည့်ရင်းပြောလာသည်။ ထိုအခါ hyunjin က felix ကိုတစ်ချက်ပြန်ကြည့်ရင်း ခေါက်ဆွဲကိုပါးစပ်ထဲအပြည့်ထည့်လိုက်သည်။

" ရတယ် ငါကအကြမ်းခံတယ် "

hyunjinက ခေါင်ဆွဲကိုတစ်ချက်နှစ်ချက်ဝါးပြီးမျိုချပြီးနောက် felix ကိုမကြည့်ဘဲပြန်ပြောလိုက်ကာ ခေါက်ဆွဲကိုပဲအာရုံပြန်စိုက်နေသည်။ ထိုအခါ felix ကမျက်နှာရှုံ့ကာထရပ်လိုက်ပြီး မလှမ်းမကမ်းက အဝတ်လှန်းစင်မှာရှိတဲ့ သဘက်တစ်ထည်ကိုသွားယူလိုက်သည်။ထို့နောက် hyunjin ခေါင်းပေါ်တင်ပေးကာ ခေါက်ဆွဲစားနေသည့်ဂျုံကောင်လေးကိုရပ်တန့်စေလိုက်၏။

You've reached the end of published parts.

⏰ Last updated: May 10, 2023 ⏰

Add this story to your Library to get notified about new parts!

SHIPSWhere stories live. Discover now