Chapter ~3

18.5K 471 9
                                    

👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter 3

"ဟင်"

ဆောင်းနိုးလာတော့ယောကျာ်းတစ်ယောက်ရခွင်ထဲရောက်နေတာကြောင့် ထဖို့ကြံလိုက်တော့ အောက်ပိုင်းတစ်ခုလုံးနာကျင်နေတာကြောင့် သူမကိုဖက်ထားတဲ့လူကိုဘယ်သူဆိုတာအရင်မကြည့်ပဲ ဒီလူနဲ့မှားသွားပြီးလားအသိကအရက်မို့ သူမစောင်လှန်ကြည့်လိုက်တော့။ သူမခန္တာကိုမှာ အဝတ်တစ်စုံတစ်ရာမှကပ်မနေပဲ မွေ့ယာပေါ်စွန်းထင်းနေတဲ့အနီကွက်ကြောင့် သူမဘဝ အချစ်ဆိုတာမသိသေးတဲ့အချိန် အပျိူစင်ဘဝလေးပေးလိုက်ရတာကြောင့် စိတ်ထဲငိုချင်လာသလို ညကအကြောင်း ပြန်စဥ်းစားမိသည်။

ညကသူမ အန်ကယ်တို့နဲ့ ဧည့်သည်တွေနှုတ်ဆက်ပြီးတော့ ခန္တာကိုယ်က ပူသလိုလိုဖြစ်လာတာကြောင့် ဝတ်ထားတဲ့အဝတ်​ကပူတယ်ထင်ကာ အဝတ်လဲဖို့သူမတို့ ကွန်ဒိုအခန်းကို ဆင်းလာလိုက်သည်။

"ကျစ် ! ဘာလို့လိုအပ်တာထက်ပိုပူနေရတာလဲ"

ဒီလောက်ရင်ပြတ်ဝတ်ထားတာတောင် ခန္တာကိုယ်တစ်ခုလုံးလောင်ကျွမ်းနေသလို ဖြစ်နေတာမို့ မကျေမနပ် ပါးစပ်ကလည်းပြောမိသည်။သူမတို့နေတဲ့ တတိယအလွှာကို ဆင်းဖို့ ဓာတ်လှေကားထဲဝင်လိုက်ပြီး 3 လွှာကိုနိပ်လိုက်သည်။

"ပူလိုက်တာ ! အားးးးးးး"

ပူလို့ ဓာတ်လှေကားထဲသူမတစ်ယောက်ထဲထင်ကာ ဂါဝန်အကွဲကြောင်းကနေ ခြေထောက်ဖြူဖြူလေးကို ပေါင်အရင်းပေါ်တဲ့အထိ ထုတ်လိုက်ပြီးမှ အနောက်ကြည့်လိုက်တော့ ဟို ရှေ့နေစုတ်။

Mine ဆေးစွမ်းပြနေပြီ မို့ ဖြစ်ပျက်နေတဲ့သူမပုံစံလေးကိုတဘောကျနေတုန်းရှိသေး သူမက သူကိုတွေ့တယ်ဆို အော်တာကြောင့် ဓာတ်လှေကားထဲမှာဆိုတော့ နားကိုအူတက်သွားတာပင်။

"ရှင် ရှေ့နေစုတ် ဘာလို့ကျွန်မနောက်လိုက်လာတာလဲ"

လို့ သူမက အတင်းလုံခြုံအောင်ပြန်ဖုံးကာသူ့ကိုမေးတော့ သူက ဓာတ်လှေကားနံရံကိုမှီကာ...

"ကိုယ်အိမ်ပြန်မလို့လေ"

"ပြီးရော!"

ဆိုကာ ဘုဆက်ဆက်လုပ်နေတဲ့ ဒီမိန်းကလေးကို သူတွေ့တွေ့ချင် ရင်ခုန်ပင်မဲ့ သူမအလှအပမှာရစ်မူးတာလား ချစ်တာလားဆိုတာ သူဝေခွဲမရသေးတာတော့အမှန်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now