1 ☁️

1K 73 2
                                    

ဂျူလိုင်လရဲ့ နေအရှိန်က ပြင်းလှသည်။ နွေဦးကာလတုန်းကလို တိုက်ခတ်လာတဲ့လေပြေတွေက ရင်ကိုမအေးမြနေစေတာဟာ နွေရာသီရောက်ပြီဖြစ်ကြောင်း တစ်ဖက်လမ်းက ပုံဖော်နေသလို။

စာသင်ခန်းအတွင်းရှိပြတင်းပေါက်အနားတွင် လေအေးလေးများ ဝေ့ဝဲနေသည်။ ခက်သည်က ထိုလေအေးလေးများသည် စာသင်ခန်းအတွင်းသို့ ဝင်မလာခြင်းဖြစ်သည်။

ထယ်ရယ်ကတော့ အဲ့သည်လေပြေတွေကို အခန်းထဲကို မဝင်လာစေချင်ပါ။ ပူပြင်းလှတဲ့နွေမှာ တိုက်ခတ်တဲ့လေတွေဟာ လေပူတွေပဲ ဖြစ်တော့မည်မဟုတ်လား။

" ဂင်မ်ထယ်! "

နာမည်ခေါ်သံကြား၍လှည့်ကြည့်မိတော့ မက်သရူး။

မက်သရူးဆိုတာက ထယ်ရယ့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း။ ထယ်ရယ်ကပဲရွေးပြီးပေါင်းတာလား ၊ အခြားသူတွေကပဲ ထယ်ရယ့်ကိုရွေးတာလားမပြောတတ်ပေမယ့် ထယ်ရယ့်ဆီမှာ အပေါင်းအသင်းက မက်သရူးကလွဲပြီး မရှိတာတော့အမှန်ပဲ။

" ဒီနေ့လည်း ထပ်ပြီး Banana milk ရောက်နေတာပဲ "

မက်သရူးက ထယ်ရယ့်ခုံပေါ်မှာတင်ထားတဲ့ ငှက်ပျောသီးနို့ဘူးကို ကြည့်ရင်းပြောလာသည်။

ထယ်ရယ်ကျောင်းကိုရောက်သည်နှင့် Locker ထဲကြည့်လိုက်လျှင် နို့ဘူးတစ်ဘူး အမြဲရှိနေတတ်တာ ၁လပင်ပြည့်တော့မည်။ မည်သူမှန်းမသိတဲ့ နေ့တိုင်းရောက်လာတတ်တဲ့ နို့ဘူးပိုင်ရှင်ဟာ ထယ်ရယ့်အကြိုက်ကို မသိတဲ့လူဖြစ်မည်ထင်။

ထယ်ရယ်က ငှက်ပျောသီးနို့မကြိုက်တာကို ရင်းနှီးတဲ့လူတွေဆိုသိသည်။ အင်းလေ ထယ်ရယ်နဲ့ ရင်းနှီးတဲ့လူက မက်သရူးအပြင်မရှိတာကိုး။

တစ်ချိန်ကတော့ ရှိခဲ့ဖူးပေမယ့်...ဒါတွေဟာ အတိတ်ပါပဲ။





" ဘယ်သူမှန်းမသိပေမယ့် တော်တော်ဇွဲကောင်းတာပဲနော် ၊ ဂင်မ်ထယ်က သောက်တာလည်းမဟုတ်ဘဲနဲ့ " 

" မင်းသောက်ပေးနေတာပဲမဟုတ်ဘူးလား မက်သရူး "

ထယ်ရယ့်စကားအဆုံး မက်သရူးက ရယ်သည်။ တကယ်လည်း ထယ်ရယ့်ဆီရောက်လာသမျှ နို့ဘူးတွေကို မက်သရူးကပဲ ဒိုင်ခံသောက်ပေးနေတာ။

CirrusWhere stories live. Discover now