3 ☁️

380 65 3
                                    

ပြာလဲ့လဲ့ကောင်းကင်ကို အလှဆင်ထားတဲ့ ပါးလွှာတဲ့ တိမ်ဖြူငယ်တွေ။ ကောင်းကင်ကြီးဟာ အကြည့်မလွှဲချင်စရာကောင်းအောင်လှပပေမယ့် နေလုံးဝါဝါကတော့ သူ့အား မကြည့်ရဲလောက်အောင် ပြင်းထန်တဲ့ ဓာတ်တွေကို ပို့လွှတ်နေပုံပါပဲ။

ဒီနေ့လည်း ထပ်ပြီး ပူပြင်းတဲ့ ဂျူလိုင်လရဲ့ နေ့လည်ခင်းတစ်ခုကို ကျော်ဖြတ်ရပြန်တယ်။

တက္ကသိုလ်အဆောက်အအုံရဲ့ ဒုတိယထပ်စင်္ကြံတစ်လျှောက်၌ လူရှင်းနေသည်။ ထမင်းစားချိန်ဖြစ်သည်မို့ ကျောင်းသားအများစုဟာ ကန်တင်းမှာရှိနေကြသည်။ တိတ်ဆိတ်တဲ့နေရာကိုကြိုက်တဲ့ ထယ်ရယ်က စင်္ကြံလမ်းဆုံးမှာရှိတဲ့ အအေးထုတ်တဲ့စက်ရှိရာကို ထွက်လာခဲ့တယ်။

လမ်းတစ်လျှောက်မှာ aircon ဖွင့်ထားတာကြောင့် လေအေးအေးလေးကို ခံစားရသည်။ သို့သော် aircon လေက စင်္ကြံတစ်ခုလုံးကို ထုတ်လွှတ်ထားရတာမို့ အရမ်းကြီးတော့ ချမ်းမနေပါ။

ထယ်ရယ်က ကိုယ်ပေါ်မှာ ဝတ်ထားတဲ့အပေါ်ဝတ် jacket အစိမ်းရောင်လေးကိုချွတ်လိုက်ပြီး အိတ်ကပ်ထဲကိုနှိုက်လိုက်တယ်။ အအေးထုတ်ရန်အတွက် အကြွေစေ့ရှိဖို့လိုသည်လေ။ အင်္ကျီအိတ်ကပ်ထဲမှာ ပိုက်ဆံအိတ်ကို မစမ်းမိတာကြောင့် စိတ်တစ်ချက်နောက်သွားရသည်။ ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲစမ်းမိတော့လည်း ပိုက်ဆံအိတ်က ရှိမနေ။

သေချာတာတစ်ခုကတော့ ပိုက်ဆံအိတ်က အတန်းထဲက ထယ်ရယ့်လွယ်အိတ်ထဲမှာ ကျန်ခဲ့ပြီဆိုတာပဲ။

သက်ပြင်းတစ်ချက်ချလိုက်ပြီး အတန်းထဲသာပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အတန်းထဲဝင်ပြီး ပိုက်ဆံအိတ်ပြန်ယူချင်လည်းယူမယ် ၊ မဟုတ်ရင်လည်း ဒီတိုင်းပဲ ထိုင်နေလိုက်တော့မယ်။

ထိုသို့စဥ်းစားလိုက်ပြီး လှည့်အထွက်မှာ ထယ်ရယ့်လက်ကို ကိုင်ဆွဲလာတဲ့ လက်တစ်စုံရဲ့အထိအတွေ့နဲ့အတူ ရင်းနှီးနေတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။


" ကျွန်တော်စိုက်ပေးမယ် ၊ apple juice မလား "

ရုတ်တရက်မို့ လန့်သွားပြီး အမြန်လှည့်ကြည့်လိုက်စဥ် တွေ့လိုက်ရသူကြောင့် ဘုရားတမိပြန်သည်။

CirrusWhere stories live. Discover now