4 ☁️

415 65 14
                                    

- Past -

" ရသွားပြီ "

မျက်ကပ်မှန်တပ်ဆင်ခြင်း ပြီးသွားပြီဖြစ်ကြောင်းသိတော့မှ တင်းထားတဲ့စိတ်ကို လျှော့ချမိတယ်။ နီးကပ်နေတဲ့ မျက်နှာနှစ်ခုကြားမှာ ထယ်ရယ်အသက်တောင်မရှူဘဲ အောင့်ထားမိတဲ့အထိ။

ခဏအကြာမှာ ရစ်ခီ့ရဲ့ မျက်နှာဟာ နောက်ကိုပြန်ဆုတ်ကာ နဂိုမူလအခြေအနေကို ပြန်ရောက်သွားသည်။ သို့တိုင် ထယ်ရယ့်ရဲ့ ရင်ဘတ်ထဲက နှလုံးခုန်သံတို့က စည်းချက်မညီချင်သေး။ အခုမှ စတွေ့သူအပေါ် ရင်ခုန်နေရတဲ့ ကိုယ့်စိတ်ကိုယ် ထယ်ရယ်လည်း နားမလည်နိုင်တော့ပါ။

အကြည့်ချင်းမဆုံမိအောင် အရှေ့ကလူဆီက အကြည့်တွေကို ရှောင်ဖယ်မိတော့ မေးဖျားကနေ ကိုင်ဆွဲလာတဲ့ လက်တွေကြောင့် အလိုလို ထိုလူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေဆီကို အကြည့်ရောက်ရပြန်တယ်။

" အစ်ကိုက လှလိုက်တာ "

ထယ်ရယ့်မျက်နှာကို အသေအချာကို စိုက်ကြည့်ရင်းပြောလာတဲ့စကားကြောင့် အလကားနေရင်း မျက်နှာက ပူထူရပြန်တယ်။ တကယ်ဆို ထယ်ရယ့်လို ယောက်ျားလေးတစ်ယောက်က လှတယ်ဆိုတဲ့ စကားလုံးနဲ့ အပ်မှမအပ်စပ်ဘဲ။

" မျက်လုံးတွေက တကယ်လှတယ် "

" အာ..ကျေး- ကျေးဇူး..ကူညီပေးလို့ရော "

ကျေးဇူးတင်စကားဆိုရင်း ကမောက်ကမဖြစ်နေတဲ့ ရင်ခုန်သံတွေကို ဖုံးဖိရပြန်တယ်။ ဆက်ပြီးအတူရှိနေရင် အရှေ့ကလူရဲ့ ဆွဲဆောင်မှုတွေကြားနစ်ဝင်သွားတော့မည်မှာ ကျိန်းသေသလောက်ရှိတာမို့ ထိုနေရာကနေ ထယ်ရယ် ထထွက်လာမှ ဖြစ်မည်။

" ဘယ်သွားမလို့လဲ "

ထိုင်နေရာက ထကာ တခြားနေရာကို သွားဖို့ပြင်တဲ့ ထယ်ရယ့်လက်ကို ရစ်ခီက အမြန်ဆွဲလှမ်းလိုက်ရင်း ပြောလာတယ်။ ဆွဲကိုင်ခံလိုက်ရတဲ့ ထယ်ရယ့်လက်ကောက်ဝတ်မှာ ရစ်ခီရှန်ရဲ့ လက်တွေကြား လှုပ်၍ပင်မရ ။ တင်းတင်းကြပ်ကြပ်ကိုင်ထားတာမျိုး မဟုတ်ပေမယ့် သူ့ရဲ့ သက်ရောက်မှုကိုက အားပြင်းနေတာမျိုး ဖြစ်လိမ့်မည်။

" ဟို..ဟိုဘက်ကို "

" ဧည့်သည်ကိုထားပြီး သွားမယ်ပေါ့ ၊ ဂယူဗင်းက ကျွန်တော့ကို ဧည့်ခံဖို့အတွက် အစ်ကို့ကို ဒီနေရာမှာ ထားခဲ့တာ မဟုတ်ဘူးလား "

CirrusWhere stories live. Discover now