အခန်းအတွင်းတွင် အဲကွန်းမှထွက်နေသောအသံခပ်တိုးတိုးနှင့် အခန်းစောင့်ဆရာမစီးထားတဲ့ ဒေါက်ဖိနပ်တစ်ရံ၏ အသံတစ်ချို့မှတစ်ပါးမကြားရသည်အထိ တိတ်ဆိတ်လို့နေ၏။ ယခုအချိန်မှာ tutorial ချိန်ဖြစ်သည်။ ပုံမှန်အချိန်ဆို အတန်းထဲတွင် လူသိပ်မရှိတတ်ပေမယ့် ကျူတိုချိန်ဖြစ်သည်ကြောင့် လူစုံလို့နေသည်။ဖြေလို့ပြီး၍စာအုပ်ထပ်ကာ အတန်းအပြင်ဘက်ကို ထွက်လာတော့ တွေ့လိုက်ရတာက မမြင်ချင်တဲ့ မျက်နှာတစ်ခု ။ မနက်စောစောစီးစီး ထယ်ရယ်တို့အတန်းရှေ့မှာ သူက ဘာလာလုပ်နေတာလဲ။
" Hi! "
ထယ်ရယ့်ကိုမြင်တာနဲ့ ရွှင်လန်းစွာ လက်ပြနှုတ်ဆက်လာတဲ့သူ ။ သေချာတော့မကြည့်ဖြစ်ပေမယ့် ဒီနေ့ဝတ်ထားတဲ့ sport shirt အဖြူက သူနဲ့လိုက်ဖက်တယ်လို့ တွေးလိုက်မိတယ်။
ဘယ်လောက်ပဲ မမြင်ချင်ဘူးဆိုဦး ၊ ယဥ်ကျေးမှုအရ ခေါင်းအသာညှိတ်ပြပြီး အတန်းရှေ့က ထွက်လာလိုက်သည်။
သို့သော် လှည့်ထွက်လာခြင်းဟာ အထမမြောက်လိုက်ပါ။ ထယ်ရယ့်လက်ဟာ တစ်စုံတစ်ယောက်ရဲ့ဆွဲထားခြင်းကို ခံလိုက်ရသောကြောင့်။
" ဘာလဲ "
အလိုမကျမှန်းသိစေရန် မျက်ခုံးနှစ်ဖက်ကို စုကြုံ့ထားရင်း မေးလိုက်တော့ တစ်ဖက်က မဖြုံသည့်အလား သူ့အား ပြန်ပြုံးပြလာတယ်။
နောက်ပြီး လက်ထဲက စတော်ဘယ်ရီနို့ဘူးနဲ့ ပေါင်မုန့်တစ်ထုတ်ကို ထောင်ပြလာကာ
" မနက်စာ စားဖို့ "
သူ့လက်ထဲက အဲ့ဒီနို့ဘူးနဲ့ ပေါင်မုန့်က ထယ်ရယ့်အတွက်ပါပေါ့။
" ငါစားပြီးပြီ ၊ ငါ့လက်ကို လွှတ် "
" အစ်ကိုက ဘယ်တုန်းက ဒီအချိန်စားဖူးလို့လဲ။ မစားရသေးတာသိတာမို့ စားလိုက် "
ဒီလိုအချိန်မှာ ထယ်ရယ့်အကြောင်းသိနေတဲ့ ရစ်ခီက စိတ်ရှုပ်စရာကောင်းလှပါသည်။ ထယ်ရယ့်ဘာသာ မနက်စာမစားရသေးတော့ရော သူနဲ့ဘာဆိုင်နေလို့ ပိုင်ဆိုးပိုင်နင်းလာပြောနေရသလဲဆိုတော့ မသိတော့ပါ။
YOU ARE READING
Cirrus
Fanfiction- You are like those feathery clouds that I could never hold - • ShenTaerae