5 ☁️

440 52 14
                                    


- Past -


" အာ! ချစ်ဖို့ကောင်းလိုက်တာ "

ကစားကွင်းထဲမှာ ရောင်းနေတဲ့ လမ်းဘေးဆိုင်လေးက ​ကြောင်နားရွက်ပုံပါတဲ့ ဘီးကုပ်လေးတွေကိုမြင်တော့ ဘာရယ်မဟုတ် ကောက်ကိုင်မိတယ်။ ဒီလိုကြောင်နားရွက်လေးတွေဟာ အရှေ့က ဆံပင်အဝါရောင်ပိုင်ဆိုင်ထားတဲ့ ကောင်လေးနဲ့ဆို လိုက်ဖက်နေလောက်မလားဆိုတဲ့ အတွေးတစ်ခုကြောင့် ။

" ရစ်ခီ! ဘီးကုပ်တပ်ကြည့်မလား "

သူ့စကားကိုကြားတော့ အံ့ဩသွားတဲ့ မျက်လုံးထဲက အငွေ့အသက်တွေကိုကြည့်ရင်း တစ်ပြိုင်နက်တည်းမှာ ထပ်တွေးမိတာက ရစ်ခီက ဒီလိုကလေးဆန်တာမျိုးကို သဘောမကျဘူးလားဆိုတဲ့အတွေး။

သဘောကျမိသွားရင် လူတိုင်းက ဒီလိုပဲလား။ အပြုအမူတစ်ခုချင်းစီကအစလိုက်ကြည့်နေပြီး ခံစားချက်တွေကိုပါ လိုက်ဖတ်နေမိတာလေ။

" တပ်ကြတာပေါ့ ၊ အစ်ကိုထယ်ရယ်ပါ တပ်ရင်တော့ ပိုကောင်းမှာနော် "

ထယ်ရယ့်လက်ထဲက ဘီးကုပ်ကို ဆွဲယူလိုက်ပြီး ထယ်ရယ့်အတွက်ပါ နောက်ထပ်တစ်ခုယူပေးလာတဲ့ ရစ်ခီ။ အခုမှပဲ သက်ပြင်းချနိုင်တော့တယ် ။ ရစ်ခီက တစ်ဖက်လူကို တွေးပေးတတ်တဲ့ လူစားမျိုးပဲ။ အဲ့ဒီလိုဆို ထယ်ရယ်ကလည်း ရစ်ခီဘာပြောပြော ခေါင်းညှိတ်မယ့်လူစားမျိုးပဲ ဖြစ်မှာ။

" ဝမ် ၅၀၀၀နော် ၊ ကျေးဇူးတင်ပါတယ် "

ကျသင့်ငွေရှင်းပြီး ထိုနေရာမှ ထွက်လာခဲ့သည်။

ညနေ,နေဝင်ခါနီးအချိန်ဖြစ်တာကြောင့်ဖြစ်မည် ၊ ယခင်လူစည်တတ်တဲ့ပန်းခြံမှာ လူတွေပြည့်ကျပ်နေတာမျိုးဖြစ်မနေတာ။

သူတို့ကြားထဲမှာတော့ ပြောစရာစကားအစအနဆိုတာ ရှာမတွေ့သေးလို့ ထင်ပါရဲ့ ။ နှစ်ယောက်လုံးတိတ်ဆိတ်နေတာ။ ထယ်ရယ်ကတော့ ဒီအခိုက်အတန့်ကို သဘောကျပါသည်။ ထပ်တူကျနေတဲ့ ခြေလှမ်းတွေနဲ့ ထိကပ်လုနီးပါး လက်ဖျားထိပ်ကလေးတွေ။

လှမ်းကိုင်လိုက်သင့်လား..။

ထယ်ရယ်အတွေးများနေတုန်းမှာပင် ထယ်ရယ့်ဘက်ကို လှည့်ပြီး ရစ်ခီကြောင့် တွေးလက်စအတွေးတွေက လေထဲမှာ ပျောက်ကွယ်သွားသလိုပင်။

CirrusOnde as histórias ganham vida. Descobre agora