Chapter 4

15.1K 359 4
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

👩‍⚕Part~4👩‍⚕

"ဒါလင် ဟန်နီတို့အကြံအောင်မြင်ပြီ"

ဆိုကာ လက်ခြင်းရိုက်နေကြတဲ့ ဆောင်းရဲ့ အန်တီတို့လင်မယား။တကယ်တော့ တူမလေးကိုမပြန်စေချင်တာရယ် မမတို့ကပြန်ရောက်ရင် သူတို့အသိသားနဲ့ နေရာချထားပေးတော့မှာ သိတာကြောင့် သူ့စေရာကို သဘောကျတဲ့ သူတို့လင်မယားက သမီးလေးကိုလည်း ဒီမှာရှိစေချင်တာကြောင့် သူ့စေရာကို ဆေးခတ်လိုက်ခြင်းသာ။

"ကိုယ် သူ့စေရာ ကိုသိပ်သဘောကျတာ သူကတည်ကြည်တယ် ဖြောင့်မတ်တယ်"

"အင်း အခုတော် တကယ်ပဲတူမလေးနဲ့ ဖူးစားစုံပြီ။ လက်ထပ်ဖို့လည်း သူ့စီစဥ်မှာတဲ့။ ဟန်နီတို့လည်း မရောက်တာကြာပြီဖြစ်တဲ့ မြန်မာပြည် ကို တစ်ခါပြန်ရတာပေါ့။ ဒါလင် ခွင့်ရက်ရှည်တင်ထားနော်"

"သေချာတာပေါ့ ကိုယ်အခုရုံးသွားနာနဲ့တင်ထားလိုက်တော့မှာ သူ့စေရာကလည်းတစ်လလောက်ကြာဦးမှာဆိုတော့ အထက်အမိန့်ကျတာနဲ့ အတူတူလောက်နေမှာ"

သူတို့ လင်မယားကတော့ တူမလေးအတွက် ဝမ်းသာနေရပြီး မမတို့လည်း ဒီကောင်အကြောင်းသိရင် သူ့သမီးလေးကို သဘောတူမှာသေချာသည်။တူမလေးကလည်း သူမတို့စိတ်မကောင်းဖြစ်မှာဆိုးလို့ ချစ်သူဆိုပြီး ပြောလာရှာသည်။အန်တီတို့လုပ်ခဲ့တဲ့ လုပ်ရပ်ကနည်းလမ်းမမှန်ခဲ့ရင်တောင် ဒီကောင်လေးကို သမီးပိုင်ဆိုင်ရတာ ကံကောင်းပါတယ် ဆောင်းလေးရေ.....။

"ဒါဆို ဆောင်း ကလက်ထပ်တော့မှာပေါ့"

သူမကို ပြင်သစ်ရောက်ကတည်းက အစစအရာရာ ကူညီပြီး သူမမသိနားမလည်တာတွေကို အကုန်ရှင်းပြတဲ့ သူမရဲ့ ဂိုက်ဆရာလို့ပြောလို့ရတဲ့ အစ်ကို ကို တိုင်ပင်လေ့ရှိတာကြောင့် ဒီတစ်ခါလည်း သူမဖြစ်ပျက်တာတွေမပြောပြ ပင်မဲ့ လက်ထပ်တော့မယ်ဆိုတာကို ပြောပြမိတော့ အစ်ကိုတကယ်လားဆိုတာကို အတည်ပြုမေးလာသည်။

"ဟုတ်ပါတယ် အစ်ကို ဆောင်းမြန်မာပြည်ပြန်ပြီးရင် ဒီမှာ လာနေဖို့များသွားပါပြီ သူကရှေ့နေလေ"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now