Part-1

5.1K 225 41
                                    

ကွာရှင်းစာချုပ်ပေါ်မှာ
ရိပေါ်လက်တုန်တုန်နဲ့ပဲ သူရဲ့
လက်ရေးလှလှလေးတွေနဲ့ လက်မှတ်ထိုးပေးပြီး

ကျန့်ကော ဘက်ကို
ကွာရှင်းစာချုပ် တွန်းပို့လိုက်တယ်။

ရိပေါ်အကိုရင်ခွင်ထဲကနေ
ထွက်ကာ ရိပေါ်ထိုးထားတဲ့
ကွာရှင်းစာချုပ်လက်မှတ်ကို
ကြည့်ပြီး ရိပေါ်တစ်ချက်ကြည့်ကာ
     ဘာမှမပြောဘဲ ခေါင်းငုံသွားတယ်။

  "ကောတောင်းပန်ပါတယ် ရိပေါ်
ဖြစ်ခဲ့သမျှအရာရာ အားလုံးအတွက် "

ရိပေါ်မျက်ရည်တွေ
ဆက်တိုက်ကျလာပြီး ဘာမှမပြောဘဲ ကျန့်ကောကို ကြည့်နေမိတယ်။

"ရိပေါ် ကော ပြောတာ
          ကြားရဲ့လားဟင်"

"ကော ..ကောဗျာ မောင့်အပေါ်မှာ
သိပ်ရက်စက်တာပဲ ဘာလို့ ဘာလို့ လဲ "

"ကော မင်းအပေါ်မှာ မချစ်နိုင်ခဲ့ဘူး
မချစ်နိုင်ဘူးထပ် ချစ် ချစ်ကြည့်ဖို့
  ကြိုးစားပါသေးတယ် ။ ဒါပေမဲ့ ကော ကို..

ရှောင်းကျန့် ထပ်ပြောလာမဲ့ စကားတွေကို ရိပေါ်က သိနေသည့်အလားအလာ လက်ကာ ပြတယ်။

"တော်ပါတော့ဗျာ မောင့် မကြားဝံတော့
ဘူး ကျန့်ကောရယ်"

   
      "ရိပေါ်"

ရှောင်းကျန့်က ရိပေါ်မျက်နှာကြည့်ပြီး နာမည်ခေါ်ပေမဲ့

"မောင့် ကို ချစ်ခဲ့ဘူးလား
                                     ကျန့်ကော "

   "မချစ်ခဲ့ဖူးဘူး ထင်တာပဲ သူကလွဲလို့ပေါ့"

သေချာပြီ လုံလောက်ပြီ။ သူ သူကျန့်
ကောကို ဆက်ပြီး ဆွဲမထားတော့ဘူး သူ
ပျော်ရွှင်တဲ့ သူနဲ့ လက်တွဲပါစေ။

အနောက်က ရိပေါ်အကိုအရင်းခေါက်ခေါက်
၀မ်ရိချင် ကတော့ ကျန့်ကောရဲ့ လက်ကလေးကို ဖွဖွလေးကိုင်ပြီး

သူရင်ခွင်ထဲကို ဆွဲသွင်းတော့
အလိုက်သင့်လေးပါ သွားတဲ့ ရိပေါ် မြတ်နိုးရာ ခန္ဓာကိုယ်လေး။

"ညီညီ ကိုကိုကတော့ ကျန့်လေး
ဘက်က မှားတယ်လို့ မထင်ဘူး ဘာလို့ဆို
သူ မင်းနဲ့ အတူနေရတာ မပျော်ရွှင်ဘူးလေ"

 "အစားထိုးခဲ့ဖူးသည် သို့သော်..." [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝!]Where stories live. Discover now